spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ကိုစွန့်ခွာ စစ်ဘေးရှောင်သူ လေးသောင်းကျော်ထိရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

၁၁.၁၁ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စွန့်ခွာ တိမ်းရှောင်သူ စစ်ရှောင်ဦးရေ လေးသောင်းကျော်ရှိလာပြီဖြစ်တယ်လို့ ကရင်နီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ – KHAI ရဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

“လူဦးရေစာရင်းကတော့ တိတိကျကျ အခုထိတော့ မသိနိုင်သေးဘူးပေါ့နော။ ဘယ်လောက်ရှိလဲဆိုတာကို။ ဒါပေမဲ့ကျနော်တို့ခန့်မှန်းတာပါ ၈၀ ရာခိုင်နှုန်းလောက်ကို ထွက်သွားပြီလို့ကို မြင်တယ်ပေါ့နော။ လူဦးရေ ဥပမာ ငါးသောင်းလောက်ရှိတယ်ဆိုရင် လေးသောင်းဝန်းကျင်လောက်ကထွက်သွားပြီ အဲ့လိုတော့ခန့်မှန်းတာပေါ့နော” လို့ ကရင်နီလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ – KHAI ရဲ့တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

၁၁.၁၁ တစ်လေးလုံးစစ်ဆင်‌ရေးစတင်ပြီးနောက် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ KHAI က လွိုင်ကော်မြို့ရှိဒေသခံတွေကို ကူညီကယ်ဆယ်ရေးစတင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ မြို့တွင်းပိတ်မိနေတဲ့ ပြည်သူ တစ်သောင်းကျော်ရှိနေဆဲဖြစ်ပြီး KHAI အပြင် အခြားသော ကယ်ဆယ်ရေးအဖွဲ့အစည်းတွေက ကူညီကယ်ထုတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ မြို့ထဲထိတော့သွားလို့မရဘူးလေးနော။ မြို့ထဲထိသွားနိုင်တဲ့ အဖွဲ့တွေကျနော်တို့ချိတ် သူတို့ကမြို့ပြင်ထိပို့ပေးတယ်။ ကျနော်တို့ မြို့ပြင်ကနေပြီးတော့ ဟိုး စစ်ရှောင်စခန်းကိုပို့ပေးတယ်။ အဲဒီအပိုင်းကိုပဲ လုပ်ပေးတယ်။ မြို့ထဲထိတော့ ကျနော်တို့ KHAIက မလုပ်ပေးနိုင်ဘူးလေးနော။” လို့ KHAI ရဲ့တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အများစု နဲ့ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေကတော့ မြို့ပြင်ထွက်လာနိုင်ပြီဖြစ်ပေမဲ့ မြို့လယ်ခေါင်မှာရှိတဲ့ ရပ်ကွက်တစ်ချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေဆဲဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုပါတယ်။

“တချို့သောလူတွေက မထွက်နိုင်ဘူးဆိုတာက ရပ်ကွက်ထဲမှာပဲ ပေတေပြီးနေတဲ့လူတွေ။‌ နောက်တစ်ချို့လူတွေက ထွက်ချင်တယ် ဆိုင်ကယ်မရှိဘူး။ စက်ဘီးမရှိဘူး။ ကားမရှိဘူး အဲ့လိုလူစားမျိုးတွေပေါ့။ ပိတ်မိပြီးကျန်ခဲ့တယ်” လို့ လူမှုကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ လူဦးရေ ၈၀ရာခိုင်နှုန်းဟာ စစ်ဘေးရှောင်ကြပြီဖြစ်ပြီး ၂၀ရာခိုင်နှုန်းလောက်က မြို့တွင်းကျန်ရှိနေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတွေက ခန့်မှန်းပြောဆိုကြပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လွိုင်ကော်မြို့မှာ လူဦးရေ ငါးသောင်းကျော် ၅သောင်းကျော် ရှိပါတယ်။

spot_img
spot_img

Recent posts