spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့က တောင်သူတွေဟာ အန္တာရာယ်ကြားက လယ်ယာ စိုက်ပျိုးလုပ်ကိုင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့နေ တောင်သူတချို့ဟာ စစ်ကောင်စီတပ်တွေရဲ့ အချိန်မရွေးအန္တရာယ်ပေးနိုင်မှု နဲ့ တင်းကြပ်တဲ့ အစစ်အဆေးတွေကြားက လယ်ယာလုပ်ငန်းတွေကို စိုက်ပျိုးလုပ်ကိုင် နေရတယ်လို့ တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ကျနော်တို့ တစ်ခါက ဆို လယ်ထဲသွား တုန်း စစ်သားတွေနဲ့ တိုးတယ်။ စိုက်ချင်ရင် ထောက်ခံစာ ယူခဲ့ ဆိုလို့ ကျနော်တို့ ထောက်ခံစာ သွားလုပ်ရတယ်။ “လို့ လယ်စိုက်တောင်သူ တစ်ဦးက ဆိုပါတယ် ။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ လွိုင်ကော် နဲ့ ဒီးမော့ဆို မြို့နယ်ကို သွားတဲ့ လမ်းမကြီးဘေးတစ်လျှောက်မှာလည်း လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်ထားတာ၊ မြေမြုပ် မိုင်းတွေ ထောင်ထားတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့နေ တောင်သူတွေက ဒီနှစ် စိုက်ပျိုးရာသီမှာ လယ်ယာစပါးကို စိုက်ပျိုးနေကြပေမဲ့ အကန့်အသတ်တွေနဲ့သာ စိုက်ပျိုးနေရတယ်လို့ ဆိုပါတယ်။

“လယ်ကွင်းထဲ ကျနေတဲ့ လက်နက်ကြီး ကျည် တွေကိုတော့ လာရှင်းပေးတယ် ။ အချို့နေရာတွေတော့ ပေး မစိုက်ဘူး မိုင်းတွေ ရှိလို့ပြောတယ်။” လို့ အဆိုပါ တောင်သူတစ်ဦးက ဆက်ပြောပါတယ်။

ကရင်နီပြည်အတွင်းက မြို့နယ် အများစုမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တောင်သူ လယ်သမားအများစုဟာလည်း စိုက်ပျိုးလုပ်ကိုင်ခွင့်မရပဲ အခက် ကြုံနေရပါတယ်။

” တစ်ခါကဆို ဒီးမော့ဆိုဖက် လေယာဥ်နဲ့ ကျဲချနေတာ မြင်နေရတယ်။ ကြောက်ပေမဲ့လည်း မတတ်နိုင်ဘူးလေ စိုက်ရတာပဲ၊ ခုလိုမှ မလုပ်ရင်လည်း ငတ်တော့မှာ။” လို့ အခြားသော တောင်သူတစ်ဦးကလည်း ပြောပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်မှုတွေကြောင့် အခက်တွေ့နေရသလို တစ်ဖက်မှာလည်း ဓါတ်မြေသြဇာ စျေးနှုန်း ကြီးမြင့်လာတာ၊ တောင်ယာ လယ်ယာ စိုက်ခင်းအတွက် ရေရရှိမှုနည်းတာ၊ လယ်တွေကို ပေါင်းမရှင်းနိုင်တာတွေကြောင့် သီးနှံ အထွက်နည်းတာ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက လွိုင်ကော်က အမျိုးသမီးတစ်ဦးဟာ တောင်ယာသွားရင်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတာကြောင့် တောင်သူလယ်သမားတွေဟာ မြေမြှုပ်မှိုင်းအန္တာရာယ်ကိုလည်း စိုးရိမ်လျက်ရှိနေကြပါတယ်။

spot_img
spot_img
spot_img

Recent posts