spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ KNDF၄ဦးကျဆုံး၊ စစ်ကောင်စီဘက်က ၂၀ကျော် သေဆုံးတယ်လို့ KNDF B-02 ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့မှာ စက်တင်ဘာလ ၁၇ရက်နေ့ကနေ အောက်တိုဘာလ ၁၇ရက်နေ့အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၂၀ကျော် သေဆုံးခဲ့သလို KNDF ဘက်က ၄ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၂က အောက်တိုဘာလ ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရက်ပေါင်း ၃၁ရက်အတွင်း လွိုင်ကော်မြို့မှာ တိုက်ပွဲပေါင်း ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး နွားလဝိုးကျေးရွာအုပ်စု၊ ပွန်ချောင်း၊ နန်းကွတ်ရေစီးကွေ့၊ မော်ချီးစုစီးကျေးရွာ၊ ကယန်းသာယာရပ်ကွက်နဲ့ ပဒါးညေးကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF ) ၊ ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု ( USSFU ) ၊ လွိုင်ကော် ( Loikaw PDF ) တပ်ပေါင်းစုတို့က ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စက်တင်ဘာလ တလအတွင်း တိုက်ပွဲပေါင်း ၅၇ကြိမ်ဖြစ်ပွားခဲ့ပြီး ဖရူဆို ၊ ဒီးမော့ဆို ၊ လွိုင်ကော် ၊ မိုးဗြဲ စတဲ့ မြို့တွေမှာ ဖြစ်ပွားခဲ့တယ်လို့ KNDF က အောက်တိုဘာလ ၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ လွိုင်ကော်မြို့အတွင်းမှာ တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ပြီး ကရင်နီပြည်တွင်းမှာ တတိယအများဆုံး တိုက်ပွဲဖြစ်ပွားတဲ့ မြို့ဖြစ်ပါတယ်။

ကရင်နီပြည်တွင်းမှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်က သေဆုံးသူ ၁၅၉၀ ဦး သေဆုံးခဲ့သလို စစ်ကောင်စီနဲ့ တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ KA ၊ KNDF၊ PDF ဘက်က ၁၇၁ ဦး ကျဆုံးသွားပြီဖြစ်တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts