spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီတပ်ရဲ့ တင့်ကား၊ စစ်ကားများနဲ့ ရဲကားများ လှည့်ပတ်လှုပ်ရှားနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ ဒီကနေ့ ( ဇွန်လ ၁၅ ရက်နေ့ ) မနက်ပိုင်း ၈ နာရီကျော်မှာ နမ့်ဘော်ဝမ်ရပ်ကွက်၊ ကြည်သာယာရပ်ကွက်၊ ဗဟိုဈေး၊ လွိုင်ကော်မြို့တွင်း စတဲ့ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီရဲ့ တင့်ကား၊ စစ်ကား၊ ရဲကား ၅ စီးထက်မနည်း အလုံပိတ်ပြီး လှည့်ပတ်နေတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောကြပါတယ်။

“အရင်က အဲ့လိုမပတ်ဘူးလေ။ တင့်ကားတွေအပြင် ကားတန်းက ၅စီးထက်မနည်းလောက်ဘူး။ အလုံကားတွေနဲ့လေ ရဲ ကားတွေလည်း အဲ့လိုပဲ။ စစ်ကားတွေကတော့ လက (လွိုင်ကော်) ဧက ၅၀၀ ဖက်လောက်ကနေ မြို့ထဲ ကို ပတ်ပုံရတယ်။ ရဲကားကတော့ နောင်ယား ကန်လမ်းနားပတ်နေ ကားထဲ လူအင်အားပါတယ်။ ရဲကား စစ်ကားတော့ လုံနေတော့ မတွေ့ရဘူး။ အရင်က စစ်ကားတွေ ပတ်တာမျိုး ရှိဖူးပေမဲ့ ခုလိုတော့မဟုတ်ဘူး။ ခုက ဟို… မိုင်းလုံး စစ်ပွဲ ပြီးကာစကလို ပတ်နေတာ။ သူတို့ လမ်းကြောင်းတစ်ခုထဲ သွားကြတာတော့ မဟုတ်ဘူး။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဟာ မြို့တွင်းလှုပ်ရှားမှုတွေ ရှိနေပေမယ့် အခုလိုပုံစံမျိုးကိုတော့ တွေ့မြင်ရလေ့မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီလအတွင်းက မြို့တွင်းရပ်ကွက်ဖြစ်တဲ့ မိုင်းလုံးတစ်ကျောမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အခုလိုပုံစံမျိုး လှည့်ပတ်လှုပ်ရှားတာ ရှိခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ မတွေ့မြင်ရတော့ပဲ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့မှာ ပြန်လည် လှည့်ပတ်လှုပ်ရှားနေတယ်လို့ မြို့ခံမျက်မြင်တွေက ပြောဆိုကြပါတယ်။

ကရင်နီပြည်နယ်မှာတော့ လွိုင်ကော်မြို့ပေါ်တစ်ခုတည်းကိုသာ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်တာဖြစ်ပြီး ကျန်တဲ့မြို့နယ်နဲ့ နေရာဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေသလို ဒေသခံလူထုတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ထိန်းချုပ်လို့ရနိုင်တဲ့ လွိုင်ကော်မြို့တွင်းကို အင်အားလှည့်လည်ပြပြီး ခြိမ်းခြောက်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ် ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts