spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း စစ်ကောင်စီအစစ်ဆေး ပိုမိုတင်းကြပ်လာသလို သေနတ်ဖောက်ပြီး ခြောက်လှန့်နေ

Author

Date

Category

ကန္တရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်ကောင်စီ အစစ်ဆေး ပိုမို တင်းကြပ်လာသလို သေနတ်ဖောက်ပြီး ခြောက်လှန့်မှုတွေကိုပါ ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

“ပိုပြီးတော့ တင်းကြပ်လာတယ်ပေါ့နော။ အရင်တုန်းကဆိုရင် အစ်မတို့လယ်ထဲသွားရင်လည်း လယ်ထဲမှာ စစ်သားတွေမရှိဘူးပေါ့နော။ အခုဆိုရင် နေရာတကာ ဖြန့်ထားတယ်လေး။ လယ်ထဲမှာတွေကစ လမ်းဘေးမှာတွေရော၊ ကိုယ်မသိနိုင်တဲ့ နေရာတွေမှာလည်း သူတို့ပုန်းလျှိုပြီး ရှိလာတယ်ပေါ့နော။ စစ်ဆေးလာတာပိုများလာတယ်ပေါ့။” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာလည်း လူအင်အား ပိုများလာပြီး မသင်္ကာပါက သေနတ်ဖောက်ပြီး ခြောက်လှန့်တာတွေရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းက လွိုင်ကော်မြို့စစ်ဆေးရေးဂိတ်တစ်နေရာမှာ စစ်ကောင်စီက အမျိုးသားတစ်ဦးကို တွေ့ရှိပြီး စစ်ဆေးဖို့ခေါ်ရာ အဆိုပါ အမျိုးသားမှ ကြောက်လှန့်ပြီး ထွက်ပြေးခဲ့တာကြောင့် သေနတ်ဖောက် ခြောက်လှန့်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူတစ်ယောက် လယ်ထဲကနေ ပြန်လာခါကျတော့ သူမတ်တပ်တပ်ရပ်ကြည့်နေခါကျတော့ စစ်သား သူ့ကို အဲလိုမျိုးခေါ်တယ်ပေါ့။ ခေါ်ခါကျတော့ သူကပြေးလိုက်ခါကျတော့ စစ်သားက အနောက်ကနေလိုက်ပစ်တယ်လေး။ သူ(စစ်ကောင်စီ)အနောက်ကနေ လိုက်ပစ်ခါကျတော့ လေးချက်ပစ်ပါတယ်။ ထိတော့မထိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အမျိုးသားတွေကို ပိုမိုစစ်ဆေးတာဖြစ်ပြီး ဖုန်း၊ ဆိုင်ကယ် တူးဘောက်၊ ကား နဲ့ ကားပေါ်ရှိ ကုန်ပစ္စည်း အထုတ်တွေကိုလည်း ဖောက်ပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအစစ်ဆေး ပိုမိုတင်းကြပ်လာတဲ့အခါ ဒေသခံတွေအနေနဲ့ စိတ်လုံခြုံမှုမရှိတော့တဲ့အပြင် အပြင်သွားဖို့ ကြောက်လှန့်နေရတယ်လို့ အခုလိုပြောပါတယ်။

“စိုးရိမ်မှုကတော့ပိုရှိတာပေါ့။ ဘယ်သွားသွားမလုံခြုံတော့ဘူးလေး။ စိတ်မလုံခြုံတော့ဘူး။ ဘယ်သွားသွားဖုန်းလဲ မယူသွားရဲတော့ဘူး။ဟိုဖက်သွားမယ်ဆိုလည်း သူတို့(စစ်ကောင်စီ)ရှိ။ ဒီဖက်သွားမယ်ဆိုလည်း သူတို့(စစ်ကောင်စီ)ရှိ။ အတတ်နိုင်ဆုံးတော့ ဘယ်အပြင် မထွက်တော့ဘူး။ အိမ်မှာပဲနေတော့တယ်ပေါ့။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ မြို့နယ် ၇ ခုရှိတဲ့အနက် လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီ ထိန်းချုပ်ထားပေမယ့် လက်ရှိမှာလည်း မြို့ပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ၂၀၂၃ခုနှစ် နှစ်စပိုင်းကစပြီး နှစ်ဖက် စစ်ရေးပိုမိုပြင်းထန်လာခဲ့ပြီးနောက် အစစ်ဆေးတွေကလည်း ပြီးခဲ့တဲ့နှစ်တွေထက် ပိုတင်းကြပ်လာတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts