spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်း လုပ်ငန်းလုပ်နေသူတချို့ ကျပ်သိန်း ဆယ်ကျော်အထိ မီတာခ ပေးဆောင်နေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်ရပ်ကွက်အတွင်း လုပ်ငန်းလုပ်ဆောင်နေသူ တချို့ဟာ မီတာခကို ကျပ်သိန်း တစ်ဆယ်ကျော်အထိ ပေးဆောင်နေရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကိုဗစ်ကာလ အာဏာမသိမ်းခင် အချိန်မှာ ကျသင့်တဲ့ မီတာခ ပျမ်းမျှနဲ့ တွက်ယူပြီး နောက်ပိုင်း အိမ်တိုင်ရာရောက်သွားမကောက်နိုင်တဲ့အချိန်မှာလည်း အဆိုပါ ကျသင့်တဲ့ ပျှမ်းမျှနဲ့ပဲ တွက်ယူတာကြောင့် ကျသင့်တာထက် ပိုများနေတယ်လို့ ဆိုပါတယ်။

“ဝရိန်သမားတွေဆို အလုပ်မရှိတဲ့အခါ မသုံးဘူးလေနော်။ ဒါပေမယ့် သုံးခဲ့စဉ်က နဲ့ တွက်ပြီးကောက်တော့ ပေးရတာများတာပေါ့။ မြို့တွင်းမှာ လုပ်ငန်းလုပ်နေတဲ့သူတွေကတော့ မီတာခကို သိန်းဆယ်ကဏန်းထိ ဆောင်ရတာပေါ့နော်” လို့ မြို့ခံတဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာတော့ ရပ်ကွက် တခုနှစ်ခုသာ မီတာစာရွက်တွေ ပုံမှန်ရောက်ပြီး မြို့စွန်ရပ်ကွက်တွေမှာ မီတာစာရွက်တွေ မရောက်ဘူးလို့ သိရပါတယ်။

သို့ပေမယ့် အိမ်သုံးလျှပ်စစ်မီးတွေ အကြောင်းအမျိုးမျိုးကြောင့်ပြတ်တောက်သွားတာ၊ လမ်းမီးကြိုး အခိုးခံရတာတို့ ရှိခဲ့သော် လျှပ်စစ်မီတာခ ဆောင်ပြီးမှ ပြန်ပြင်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအင်ဌာန မှ ဝန်ထမ်းတွေက ပြောဆိုကြောင်း လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် လကုန်ပိုင်းမှာ စစ်ကောင်စီလက်အောင် လျှပ်စစ်စွမ်းအင်ဝန်ထမ်းတွေမှ အိမ်တိုင်ရာရောက် မီတာခ ဆောင်ဖို့ ပြောလာတဲ့ အခါမှာတော့ မီတာခကို နှစ်နှစ်စာ တခါတည်း ပေါင်းဆောင်ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ကြာပြီ မီးခဆောင်ရမယ်ဆိုပြီး အိမ်အထိ လာပြောသွားတယ် ။ ပေါင်းဆောင်လိုက်တယ်လေ။ လွိုင်ကော်ကအိမ်မှာ သိပ်မနေဖြစ်ဘူး။ သူတို့က ဘယ်လိုတွက်ပေးလိုက်လဲတော့ မသိဘူး တစ်သိန်းကျော် ကျသွားတယ်။ အဲတခေါက်ပဲ နောက်ပိုင်း မဆောင်ဖြစ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ပေါ်က ဒေသခံတွေဟာ အနည်းအကျဉ်းလောက်သာ လျှပ်စစ်မီတာခ ပေးဆောင်နေကြတာဖြစ်ပြီး တခြားရေမီတာခတွေလည်း လာရောက်ကောက်ယူတာတွေမရှိသလို ပေးဆောင်တာတွေလည်းမရှိဘူးလို့ ဆိုကြပါတယ်။

spot_img
spot_img

Recent posts