spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွား၊ နေအိမ် သုံးလုံး မီးလောင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး နေအိမ် သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြေပြင်မှ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နယ် ပဒါးညေးကျေးရွာမှာ စစ်ကောင်စီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး မီးလောင်ကျွမ်းသွားတဲ့ နေအိမ်တစ်လုံးအပါအဝင် စစ်ကောင်စီ မီးရှို့လိုက်တဲ့ နေအိမ် ၂လုံး၊ စုစုပေါင်း နေအိမ် သုံးလုံး မီးလောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်း မနက် ၇ နာရီ မိနစ်၂၀ မှ ၈ နာရီအထိ ၃ မိုင်ပကြဲမှာ တစ်ကြိမ်၊ မနက် ၇ နာရီ မိနစ် ၅၀ မှ ၈ နာရီအထိ မော်ချီးစုစည်းကျေးရွာအတွင်းမှာ တစ်ကြိမ်၊ နေ့လည် ၁၂ နာရီမှ ၁၂ နာရီ ၁၅ မိနစ်အထိ ၃မိုင်ပကြဲမှာ တစ်ကြိမ်၊ နေ့လည် ၁ နာရီ ၁၇ မိနစ်မှ ၂ နာရီ မိနစ်၂၀ အထိ ပဒါးညေး ကျေးရွာမှာ တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ သေဆုံးမှုရှိသလို နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိတယ်လို့ သိရပါတယ်။

“ ကျနော်တို့ဖက်တော့ လက်နက်ကြီးထိထားတာ ၃ ယောက်လောက်ရှိတယ်။ သူတို့ဖက်
( စစ်ကောင်စီ) က အကျအရှုံးတော့ သေချာမသိရသေးဘူး။ ခုနကအထိတော့ ၂ ဦးသေတယ်လို့ သိရတယ်။ တိုက်ပွဲ ရပ်သွားပေမယ့် သူတို့ဖက်ကတော့ လက်နက်ကြီးတွေ ရမ်းပစ်နေတုန်းပဲ။” လို့ ရှေ့တန်းမှ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အထွက်၊ ၃မိုင် ပကြဲကျေးရွာနဲ့ မော်ချီးစုစည်းကျေးရွာ အနီးတဝိုက်ရှိ စစ်ကောင်စီကင်းပုန်းစခန်းတစ်ခုကို KNDF B-2၊ B-12၊ B-14နဲ့ KA တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၂) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ KNDF B- 14 ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယနေ့နံနက်ပိုင်း ၃ နာရီမှစပြီး ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေလည်း ရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts