spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း တစ်နေရာ မှာ တိုက်ပွဲဖြစ်နေ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဒီဇင်ဘာလ ၁၆) မနက် ၉နာရီ ၄၀မိနစ်အချိန် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး အရှေ့ဖက်ခြမ်း နားကွယ်ရွာနဲ့ ရေကန်ရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ လက်ရှိအချိန်ထိ ပစ်ခတ်သံ ကြားနေရဆဲလို့ ဒေသခံတစ်ဦးက မွန်းလွဲ (၁၁) နာရီမှာ အတည်ပြုပြောပါတယ်။

“ အခုချိန်ထိ ပစ်နေဆဲပဲ။ အသံကြားနေရတယ်။ လက်နက်ကြီးလည်းပါတယ်။ ၅၃၀ တပ်ကပစ်လာတာလို့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ကတည်းက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးအနားကျေးရွာတွေမှာနေထိုင်တဲ့ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်။ လွိုင်လင်အရှေ့ဖက်ခြမ်း ကွန်နားကျေးရွာ တစ်ဝိုက်မှာ KAနဲ့ KNDFပူးပေါင်းတပ်တို့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

spot_img
spot_img