spot_imgspot_imgspot_imgspot_img
Thursday, March 27, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ ဆိုင်ထိုင်စားသုံးသူနည်းပါးလာတဲ့အတွက် စားသောက်ဆိုင်တချို့ ပိတ်ထားရ

Author

Date

Category

CJ ( ကန္တာရဝတီတိုင်း ( မ် ))

ကရင်နီပြည် လွိုင်ကော်မြို့အတွင်းမှာဆိုရင် ဆိုင်ထိုင်စားသုံးသူနည်းပါးလာတဲ့အတွက် စားသောက်ဆိုင်တချို့ ပိတ်ထားနေရတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေထံကနေ သိရပါတယ်။

ယခင်က ခေါက်ဆွဲဆိုင်ဖွင့်လှစ်ခဲ့တဲ့ဆိုင်ရှင် အမျိုးသမီးတစ်ဦးကလည်း စားသုံးသူနည်းပါးလာတဲ့အတွက် ဆိုင်ကို ပိတ်ထားလိုက်ရတာ နှစ်လလောက်ရှိပြီလို့ ဆိုပါတယ်။

“အမတို့ ဆိုင်က စားတဲ့သူနည်းလာတယ်။ ပစ္စည်းတွေလည်း သွင်းရတာခက်ခဲတယ်။ အစကတော့ menu တွေလျော့ ရောင်းကြည့်တယ်။ ဝန်ထမ်းခတွေရယ် ကုန်စျေးနှုန်းတွေရယ် လာစားတဲ့သူတွေ နည်းလာတာကြောင့် ခုတော့ ဆိုင်ကို နားထားလိုက်တယ် ။ ဘယ်အချိန်ပြန်ဖွင့် နိုင်မလဲတော့မပြောတတ်သေးဘူး။” လို့ သူက ပြောပါတယ်။

လက်ရှိ ကရင်နီမှာ တစ်ပြည်နယ်လုံး နီးပါး စစ်ဘေးသင့်နေပြီး လွိုင်ကော်မြို့မှာလည်း လုပ်ငန်း တော်တော်များများဟာ ရပ်နားထားရတဲ့အတွက် လူငယ်တွေအလုပ်လက်မဲ့ဖြစ်နေပါတယ်။

စားသုံးသူများအနေနဲ့လည်း ဝင်ငွေနည်းပါးလာတဲ့အပြင် ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတဲ့အတွက် ဆိုင်ထိုင်ဖို့ ငွေကြေးအခက်အခဲရှိနေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

” အရင်လို လုပ်ငန်းတွေက မကောင်းတော့ဘူးဗျ ။ ဝင်ငွေလည်းနည်းသွားပြီး စျေးတွေလည်းအကုန်ကြီးကုန်တော့ မထိုင်နိုင်တော့ဘူးပေ့ါဗျာ။ ” လို့ လွိုင်ကော်ဒေသခံတစ်ဦးကို ပြောပါတယ်။

စားသောက်ဆိုင်တချို့လည်းဖွင့်လှစ်နေပေမယ့် ယခင်ကလောက် ရောင်းအားမကောင်းတော့ဘူးလို့ အကင်ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆိုင်တွေက လူတွေပါး လာတယ် ။အရင်ကလောက်မထိုင်တော့ဘူး။ အခုတော့ ဆိုင်ကိုဆက်ပဲဖွင့် ရမလား အခြားမြို့မှာပဲပြောင်းဖွင့်ရမလား စဥ်းစားနေရပြီ ။မြို့အနေထားကလည်း ဘာဖြစ်မယ်မှန်းက မသိနေတော့ စိတ်ညစ်ပါတယ်လေး။” လို့ အကင်ရောင်းချနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တချို့စားသောက်ဆိုင်တွေမှာလည်း အရက်၊ဘီယာတို့ကို ညဖက်တွေမှာ အနားယူရင်း စားသောက်တာတွေရှိခဲ့ပေမယ့် လက်ရှိမှာ ညမထွက်ရအမိန့်တွေရှိတဲ့အတွက် လွိုင်ကော်မြို့တွင် ဖွင့်လှစ်ရောင်းချဖို့ ခက်ခဲသွားတာတွေရှိတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts