spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ စားအုန်းဆီ တစ်ပိဿာ ၄၆၀၀ ကျပ်နဲ့ ရောင်းချပေး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

လွိုင်ကော်မြို့မှာ ဒီကနေ့ စက်တင်ဘာလ (၁၂ ) ရက်နေ့ မနက်ပိုင်းက စားအုန်းဆီ တစ်ပိဿာ (၄၆၀၀) ကျပ်ဖြင့် ကုန်စုံဆိုင် ၁၁ ဆိုင်မှာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြန်မာနိုင်ငံ ဆီကုန်သည်အသင်း၊ ကယားပြည်နယ် ဆီကုန်သည်များအသင်းနဲ့ ဆီလုပ်ငန်းရှင်များအသင်း တို့မှ လူတစ်ဦးကို တစ်ပိဿာနှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပြီး တန်းစီ ဝယ်ယူရတဲ့ စနစ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်က ရွှေတောင်၊ လောဓမ္မ၊ နမ့်ဘော်ဝမ်၊ ဈေးပိုင်း စတဲ့ရပ်ကွက်တွေမှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

” ရောင်းတာတော့ အရင်တစ်ပတ်ထဲက ရောင်းနေတာ ၊ လိုင်းပေါ်တော့ မနေ့(စက်တင်ဘာလ ၁၁ရက်)က စပြီး တင်တာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိလွိုင်ကော်မြို့ပေါ်မှာ စားအုန်းဆီ တစ်ပိဿာကို ၁၀၀၀၀ ဝန်းကျင်ပေါက်ဈေးရှိနေပြီး အခုလို တဝက်စျေးနှုန်းနဲ့ ရောင်းချပေးတာကြောင့် လာရောက်တန်းဆီဝယ်ယူသူတွေ များပြားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” လွိုင်ကော် အနီးနားက ရွာက လူတွေပါ လာတန်းစီ ကြတယ် ၊ မိုးရွာနေတာတောင် မိုးကာတွေ နဲ့ စောင့်နေကြတုန်း ” လို့ဒေသခံတစ်ဦးမှ ဆိုပါတယ်။

သတ်မှတ်ထားတဲ့ ပိဿာချိန်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး ရောင်းကုန်သွားတဲ့အခါ နောက်မှရောက်လာတဲ့သူတွေ မရရှိကြတော့ဘူးလို့ ဆိုပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လွိုင်ကော်မြို့နေ ပြည်တွေဟာ စားဝတ်နေရေးအတွက် ပိုမိုကြပ်တည်းလာကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဆိုပါ စားအုန်းဆီရောင်းချပေးနေတာဟာ တစ်ပတ်ကို ပိဿာချိန် ၁၃၀၀ နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ လူမှုကွန်ယက်စာမျက်နာမှာ မျှဝေထားပါတယ်။

spot_img
spot_img

Recent posts