spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ ကျန်ရစ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မြို့ခံလူငယ်တွေ အစာလိုက်ကျွေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

(၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည် လွိုင်ကော်မြို့မှာ ဒေသခံအများစုဟာ တိမ်းရှောင်နေကြရပြီး အိမ်မွေးတိရိစ္တာန်တွေဖြစ်တဲ့ ခွေး၊ ကြောင် တွေကို ချန်ထားခဲ့ရပါတယ်။ ကျန်ရစ်ခဲ့တဲ့ ခွေး၊ ကြောင်တွေကို နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ လိုက်လံကျွေးဖြစ်တယ်လို့ လွိုင်ကော်မြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

“ကျနော့်အိမ်က ခွေးလေးတွေကိုစိတ်မချလို့ အစာကျွေးမယ့်သူမကျန်ခဲ့လို့။ အိမ်ကစစ်ရှောင်ထွက်သွားပြီ။ ကြောင်၃ကောင် ခွေး၄ကောင်ကျန်ခဲ့တာကနေစတာပဲ။ ကိုယ့်ခွေးတွေတောင်စားရပြီး ကျန်တဲ့လမ်းဘေးခွေးလေးတွေလည်း ဆာနေကြမှာပဲဆိုပြီး အစာကျွေးဖို့စဥ်းစားမိတာပါ။” လို့ ခွေး၊ ကြောင် လေးတွေကို အစာလိုက်ကျွေးတဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး မြို့ခံလူငယ်တစ်ဦးက ဆိုပါတယ်။

လမ်းဘေးက ခွေး၊ ကြောင် တွေ အပြင် ခြံဝန်းထဲမှာ ပိတ်မိနေတဲ့ ခွေးလေးတွေကိုလည်း ကျွေးဖြစ်တယ်လို့ သူက ပြောပါတယ်။ ထမင်း နဲ့ ဟင်း ရောနယ်ပြီးတစ်ရက်ကို ခွေး၊ ကြောင် အကောင်ရေ ၇၀လောက်ထိ ကျွေးဖြစ်တယ်လို့ဆိုပါတယ်။ အလှူရှင်သာရှိရင်တော့ ပိုကျွေးနိုင်မယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ နမ့်ဘော်ဝမ်၊ ကြည်သာယာ၊ မင်းစု၊ နန်းကွတ်၊ ဒေါနိုးကူး၊ မြို့လယ် နဲ့ သွားလာရ အဆင်ပြေတဲ့ နေရာတွေထိ လိုက်လံကျွေးဖြစ်တယ်လို့ အဆိုပါ လူငယ်က ပြောပါတယ်။ ဒီအစီအစဉ်ကို မြို့ခံ လူငယ် သုံးဦးက ကိုယ်ထူကိုယ်ထ ပြုလုပ်နေတာပါ။ တစ်ဖက်မှာလည်း တိုက်ပွဲဖြစ်နေတာကြောင့် လုံခြုံရေးကို ကရုစိုက်ပြီး သွားလာရတယ်လို့ သူက ပြောပါတယ်။

“ မြို့ထဲမှမဟုတ်ဘူး ရပ်ကွက်ထဲလည်းစိုးရိမ်ရတယ် ကြောက်တယ်လေ အရမ်းပစ်ကြလို့ ခေါင်းပေါ်တောင် ရွီးကနဲ့ ကျည်ဖြတ်သွားသလိုပဲ အသံတောင်ကြားရတယ်။ တလမ်းဝင်တလမ်းထွက် မဝင်ခင်အရှေ့ကဘာလဲဆိုတာ ကြည့်ပြီးဝင်ရတယ်” လို့ သူက ပြောပါတယ်။

ဒေသခံအများစုဟာ မတတ်သာတဲ့ အခြေအနေတွေကြောင့် မိမိတို့ရဲ့ အိမ်မွေးတိရစ္တာန်တွေကို ချန်ထားလိုက်ရတာဖြစ်ပြီး အဝေးရောက်သွားတဲ့ ဒေသခံတချို့ဟာလည်း မိမိတို့ရဲ့ ကျန်ရစ်တဲ့ ခွေး၊ ကြောင်တွေကို အစာကျွေးပေးဖို့ တောင်းဆိုထားတာရှိပေမဲ့ တိုက်ပွဲနဲ့နီးတဲ့ဧရိယာတွေဖြစ်တာကြောင့် သွားလာလို့အဆင်မပြေနိုင်ဘူးလို့ သူက ပြောပါတယ်။

spot_img
spot_img

Recent posts