spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ ယမန်နေ့က လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

မြို့တွင်းတိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ယမန်နေ့ ( ဒီဇင်ဘာလ ၇ ရက်နေ့ ) က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒါဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ခင်း (ဇန်နဝါရီ ၇ ရက်) တစ်ချက်ငြိမ်လိုက်သေးတယ်၊ နောက်တော့ လက်နက်ကြီးသံတွေ ထပ်ကြားရတော့တာပဲ။ကျနော် အသိ နှစ်ယောက်တော့ ဆုံးသွားပြီကြားတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာပဲ ခဏနေရဦးမှာပဲ။” လို့ လွိုင်ကော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ အသက် ၃၀ ကျော်အရွယ်အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးကိုတော့ မည်သူမည်ဝါဖြစ်ကြောင်းကို ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အသေးစိတ် ဆက်လက်စုံစမ်းနေဆဲဖြစ်ပေမဲ့ ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် မသိရှိရသေးပါဘူး။

ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေဖြစ်ကြတဲ့ မင်္ဂလာ ၊ ဓမ္မာရုံ ၊ စျေးပိုင်း၊ ရွှေတောင် အစရှိတဲ့ ရပ်ကွက်တွေကို စစ်ကောင်စီက လက်နက်ကြီး အပြင် လေယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကွက်အတွင်းမှာ ခိုလှုံနေတဲ့ ဒေသခံတွေလည်း ထပ်ဆင့်စစ်ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

“မင်္ဂလာ ဓမ္မာရုံဖက်တွေကို ပစ်တာ ၊ ဦးလှမြင့် ဂိုထောင် လည်းထိသွား ပြီကြားတယ် ။ အဖေနဲ့ အကိုက ကျန်ခဲ့တော့ စိတ်အရမ်းပူနေပြီ ဖုန်းဆက်လို့လည်းမရတော့ဘူး။” လို့ လွိုင်ကော်မြို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ – ဒေသခံ

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံတွေကို ဆေးကုသမှုပေးဖို့အတွက်လည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ လွိုင်ကော်မြို့ပြစစ်ဆင်ရေးဖြစ်တဲ့ (၁၁.၁၁) စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက နေ့စဉ်ရက်ဆက် လွိုင်ကော်မြို့ပေါ်ကို လက်နက်ကြီးပစ်ခတ်မှုအပြင် လေယာဉ်ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ များပြားနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်ခံရမှုတွေကြောင့် အရပ်သား ၇၆ ဦး ရှိနေပြီး အပြင်းအထန် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ (၁၁.၁၁) စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လွိုင်ကော်ဒေသခံ လေးသောင်းကျော်ဟာ မြို့ကိုစွန့်ခွာ စစ်ဘေးရှောင်ခဲ့ရပါတယ်။

spot_img
spot_img

Recent posts