spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်မှာ ပြန်လည်နေထိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီခေါ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့ပေါ်မှာ ပြန်လည်နေထိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ခေါ်နေတယ်လို့ Non-CDM ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

ပြန်လည်နေထိုင်သူတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ထောက်ပံ့ပေးမယ်ဆိုပြီး ပြောဆိုတာတွေ ရှိနေတယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ပြန်လာနေခိုင်းတာတွေတော့ရှိတယ်။ အတင်းအကျပ် တော့မဟုတ်ဘူး။ ပြန်လာနေချင်တဲ့သူတွေ နေလို့ရတယ် ဆိုတဲ့ သဘောမျိုးပါပဲ။” လို့ သူက ပြောပါတယ်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နဲ့ ဘဏ် စတဲ့ ဝန်ထမ်းတွေကို အဓိက ခေါ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း လွိုင်ကော်မြို့မှာ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာ၊ ရပ်ကွက် တချို့တွေမှာ ဒေသခံတွေ ပြန်လည်နေထိုင်ကြတယ်လို့ သိရပါတယ်။

ယခု ဧပြီလအတွင်းမှာတော့ ဆက်သွယ်ရေးဖုန်းလိုင်းတချို့ ပြန်လည်ရရှိနေပြီး မြို့ပေါ်ရပ်ကွက် နေရာတချို့မှာလည်း လျှပ်စစ်မီးပြန်လည်ရရှိအောင် စစ်ကောင်စီဘက်က လုပ်ဆောင်နေတာရှိတယ်လို့ လွိုင်ကော်ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့အပတ် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက လွိုင်ကော်မြို့၊ ဌာနဆိုင်ရာရုံးတွေမှာ သင်္ကြန်ပွဲအခမ်းအနားကို အကျဉ်းချုံးကျင်းပခဲ့ပြီး နေပြည်တော်ကနေ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တချို့က လေယာဉ်နဲ့လာရောက်ခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ၁ လေးလုံး စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လျှပ်စစ်မီး၊ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့သလို လွိုင်ကော်ဒေသခံ ၅ သောင်းကျော်လည်း မြို့ကိုစွန့်ခွာပြီး စစ်ဘေးရှောင်ခဲ့ရတာပါ။ လတ်တလောမှာလည်း လွိုင်ကော်မြို့ပေါ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts