spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ပေါ်ရပ်ကွက်အတွင်း နေအိမ်ခြံဝန်းအထိ ဆိုင်ကယ်ခိုးယူမှုရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေအတွင်းမှာ နေအိမ်ခြံဝန်းထဲအထိ ဆိုင်ကယ်ခိုးယူမှုတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၈) ရက်နေ့မှာ လွိုင်ကော်မြို့၊ ရပ်ကွက်တစ်ခုက နေအိမ်ခြံဝန်းတစ်ခုမှာ တစ်ညထဲကို ဆိုင်ကယ် ၃ စီး အခိုးခံရတယ်လို့ ဆိုပါတယ်။

“ညအချိန်ပျောက်တာ ညဆိုတာက ကျမက ၁၂ နာရီမှ အိပ်တယ်ဆိုတော့ အဲနောက်ပိုင်း ၁ နာရီ၊ ၂ နာရီအတွင်းမှာ ပျောက်သွားတာဖြစ်မှာပေါ့” လို့ ဆိုင်ကယ်ပိုင်ရှင်က ပြောပါတယ်။

အဆိုပါ ပျောက်သွားတဲ့ ဆိုင်ကယ် (၃) စီးဟာ အိမ်ရှေ့ အမိုးအောက်မှာ သိမ်းထားတာဖြစ်ပြီး ဇတ်သော့နဲ့ အပြည့်အစုံခတ်ထားတဲ့အပြင် ခြံတံခါးသော့ပိတ်ထားတယ်လို့ သိရပါတယ်။

ဒါတွေအပြင် လွိုင်ကော်မြို့ရဲ့ အများပြည်သူပိုင်နေရာဖြစ်တဲ့ ဆေးရုံ၊ ထျေးငှားလျားကန်နဲ့ နောင်ယား ကန်တွေမှာလည်း ဆိုင်ကယ် အမြဲတမ်းလိုလို ပျောက်တယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနောက်ပိုင်းမှာတော့ ဆိုင်ကယ်အမျိုးအစားမရွေးဘူးပေါ့နော်။ ပျောက်တာက ဆေးရုံမှာဆိုလည်း ခိုးရင်းတန်းလန်းနဲ့ ပိုင်ရှင်က ပြန်မိတာမျိုးတွေ၊ တချို့တွေက လုံးဝပျောက်သွားတာပေါ့၊ ဆေးရုံမှာက ဆိုင်ကယ်မအပ်တော့ဘူးလေ။ အဲလိုပဲလာထားကြတာ၊ စည်ပင်ကပဲ တာဝန်မယူရဲတာလား ကန်ဒါရိုက် ပဲ မရှိတာလား တော့ သေချာမသိဘူးပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ ကုန်စျေးနှုန်းမြင့်တတ်လာမှု ၊ အလုပ်အကိုင် ရှားပါးလာမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အခုလို ခိုးမှုတွေ များပြား‌လာတာ ဖြစ်နိုင်တယ်ပြောဆိုကြပါတယ်။

“ကယားပြည်နယ်အနေနဲ့ကြည့်ရင် အလုပ်အကိုင်တွေလည်းရှားလာတယ်။ပြောရရင်တော့ ဝင်ငွေရပေါက်နဲလာတာပေါ့။ နဲလာတဲ့အခါကျတော့ သူတို့စိတ်ထဲမှာ အလွယ်တကူရမယ့် နည်းပဲစဉ်းစားပြီးတော့ ခိုးကြတာလို့ ထင်တာပဲ ” လို့‌ ဒေသခံတစ်ဦးက ပြောပါတယ်။

ယခင်က ညပိုင်းမှာ လျှပ်စစ်မီးကြိုးတစ်ခုတည်း ခိုးယူခံရတာများပြီး နေ့ခင်းဘက်မှာတော့ ဆိုင်ကယ်ပျောက်ဆုံးတဲ့ သတင်းတွေ မကြာခဏ ကြားနေရပေမယ့် ဒီနောက်ပိုင်းမှာ ညပိုင်း ဆိုင်ကယ်ခိုးယူမှုတွေ ရှိလာတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

ထို့အတူ ကရင်နီပြည်မှာရှိတဲ့ မြို့နယ်အားလုံးမှာတိုက်ပွဲဖြစ်ပွားနေတာကြောင့် လွိုင်ကော်မြို့ပေါ် တခုတည်းကိုသာ လူဦးရေ များစွာရှိတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့မှာ အုပ်ချုပ်ရေးယန္တာယား မလည်ပတ်နိုင်တဲ့အပြင် အရေးယူမှုနဲ့ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့်လည်း အခုလို ခိုးယူမှုတွေ များတာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

spot_img
spot_img

Recent posts