spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ ဆိုင်ကယ် နဲ့ လျှပ်စစ်မီးကြိုး‌ ခိုးယူမှုများပြားလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ဆိုင်ကယ် နဲ့ လျှပ်စစ်မီးကြိုး‌ ခိုးယူမှု များပြားလာတယ်လို့ လွိုင်ကော်မြို့နေ ဒေသခံတွေက ပြောဆိုကြပါတယ်။

လွိုင်ကော်မြို့ အတွင်း နေ့စဉ် ည ၉နာရီ မှ မနက် ၅ နာရီ အထိ မီးပျက်လေ့ရှိပြီး တချို့ရက်တွေမှာတော့ ၂၄နာရီလုံး မီးပျက်ချိန်လည်း ရှိနေတာကြောင့် မီးကြိုးတွေကို အလွယ်တကူ ခိုးယူကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“မီးပျက်တော့ သူခိုးတွေ အကြိုက်ပဲ ညဆို ဘယ်သူမှတော်ရုံမထွက်ရဲဘူး။ မီးကြိုးတွေ ပျောက်တာ တစ်ခါ ထဲမှမဟုတ်တာ ၊ ပျောက်လိုက် ဝယ်လိုက်ပဲ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ် ။

ဒါ့အပြင် ထရန်စဖောမာတွေနဲ့ လမ်းဘေးမှာရှိတဲ့ ဓာတ်တိုင်တွေက မီးကြိုးတွေလည်း ပိုပြီး အပျောက်များနေပြီး ပြန်လည်အစားထိုးဖို့အတွက် မီးသွယ်တန်းတဲ့အိမ်တွေ စုပြီး မီးကြိုးအသစ် ပြန်ဝယ်ရတယ်လို့လည်း ဆိုကြပါတယ်။

“မီး က တခါတလေ ပျက်နေတယ်ထင်တာ နောက်မှ အခိုးခံရမှန်းသိတာ ၊အဓိက ဝယ်နေတဲ့ သူတွေ ကြောင့်လည်း ပါပါတယ်။ တိုင်စရာလည်းမရှိ ဖမ်းမယ့် သူလည်း မရှိတော့ ဖြစ်ချင်တိုင်းကို ဖြစ်နေတာပါပဲ။”လို့ လွိုင်ကော်မြို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ် ။

ညပိုင်း လျှပ်စစ်မီးကြိုးတစ်ခုတည်း ခိုးယူခံရတာ မဟုတ်ပဲ နေ့ခင်းဘက်မှာလည်း ဆိုင်ကယ်ပျောက်ဆုံးတဲ့ သတင်းတွေ မကြာခဏ ကြားနေရတယ်လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ဆိုင်ကယ်က ပျောက်ပြီဆို ထိုင်း ဘီးတွေ များတယ် ။ အဓိက နောင်ယားကန်နဲ့ ထေးဌားလျား ကန်လို နေရာမျိုးတွေမှာ သူခိုးတွေက စောင့်ကြည့်နေတာ။ ” လို့ လွိုင်ကော်ဒေသခံ လူငယ်တစ်ဦးက ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တတ်လာမှု ၊ အလုပ်အကိုင် ရှားပါးလာမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အခုလို ခိုးမှုတွေ များပြား‌လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ အုပ်ချုပ်ရေးယန္တာယား မလည်ပတ်နိုင်တဲ့အပြင် အရေးယူမှုနဲ့ ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့်လည်း အခုလို ခိုးယူမှုတွေ များတာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

spot_img
spot_img

Recent posts