spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ တာဝန်မထမ်းဆောင်လိုတဲ့ ပညာရေးဝန်ထမ်းတွေ အပြောင်းရွေ့တင်သူများလာ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေဟာ တာဝန်မထမ်းဆောင်လိုတာကြောင့် တခြားမြို့နယ်တွေကို ပြောင်းရွေ့တင်ထားကြတဲ့သူတွေ များလာတယ်လို့ ပညာရေးအသိုင်းအဝန်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

လာမယ့် ဇွန်လအတွင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီက ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပြီး တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် အပြောင်းရွေ့တင်သူလည်း ရှိနေတာ ဖြစ်ပါတယ်။

“ တိုက်ပွဲတွေလည်း မဖြစ်တော့ဘူးလို့ ပြောလို့မရသေးဘူး။ ဝန်ထမ်းဆိုတော့ ကျောင်းဖွင့်ရာသီမှာ ကျောင်းပြန်တက်မှရမယ်ဆိုတော့ အဲ့ဒီမှာ တာဝန်မထမ်းဆောင်ချင်တာနဲ့ တခြားကျောင်းကိုတက်ရဖို့ ပြောင်းရွေ့တင်လိုက်တာ။” လို့ အမည်မဖော်လိုတဲ့ Non-CDM ဆရာမတစ်ဦးက ပြောပါတယ်။

ပညာရေး ဝန်ထမ်းဆရာ/ ဆရာမတွေကိုလည်း စစ်ကောင်စီက ကျောင်းဖွင့်ရာသီအတွင်း မဖြစ်မနေ လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ မေလ ၂၃ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းအပ်ရက်သတ္တပတ် အဖြစ် စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပြီး ကျောင်းအပ်လက်ခံနေပါတယ်။

လွိုင်ကော်မြို့ပေါ်က အထက ( ၁ ) ကျောင်းမှာလည်း စစ်ကောင်စီက ကျောင်းအပ်လက်ခံနေတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာကနေ ဖော်ပြထားပါတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေကို ဇွန်လ ၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။

ကရင်နီပြည်မှာတော့ စစ်ကောင်စီလက်အောက်ကနေ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖွင့်လှစ်နိုင်တဲ့ အထက်တန်းကျောင်းဟာ လွိုင်ကော်မြို့ အ.ထ.က ( ၁ ) နဲ့ အ.ထ.က ( ၅ ) ကျောင်းနှစ်ကျောင်းသာ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား နယ်မြေအသာစီးယူနိုင်ဖို့အတွက် လက်ရှိမှာတော့ နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts