spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းသုံးပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စတင်လာခဲ့တဲ့ 1111 (တစ်လေးလုံး) စစ်ဆင်ရေးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လူနေရပ်ကွက်နဲ့ နီးတဲ့နေရာတွေကို လေကြောင်းနဲ့ နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်တယ် နားကိုမနားတာ။ လေယာဉ်ကတော့ ထုံးစံအတိုင်းပေါ့ မနက်စောကတည်းက လွိုင်ကော်မြို့ကို ပတ်နေတာ ပြီး ၁၀နာရီလောက်မှ ဒေါဥခူအနောက်ဖက်ကို ပစ်တာလို့ ယူဆရတယ်။ မြို့ထဲကနေဆိုတော့ အသံက ကျယ်တယ် ခေါင်းပေါ်ကိုပဲ ဖြတ်မောင်းသွားတာလေ။ ”လို့ ဒီကနေ့ လွိုင်ကော်အခြေအနေနဲ့ပတ်သက်ပြီး မြို့ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီက လွိုင်ကော်မြို့မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ရက်ကစပြီး လက်နက်ကြီးတောက်လျှောက်ပစ်ခတ်နေတာကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီး ကျရောက်ပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။

လက်နက်ကြီးပစ်ခတ်မှုနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူထဲက သေဆုံးတဲ့သူ ၂၀ ဦးအထိ ရှိလာနေပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ အချက်အလက်အရ သိရပါတယ်။ လက်ရှိအခြေအနေအရ ထိခိုက်သေဆုံးသူ ဒီထက်ပိုများနိုင်ပြီး စာရင်းအတိအကျကိုတော့ အတည်ပြုလို့မရသေးပါဘူး။ ပိတ်မိနေသေးတဲ့ ပြည်သူတွေလည်း ရှိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ဘေးလွတ်ရာကို လက်လှမ်းမီသမျှ ကူညီပို့ဆောင်ပေးနေတာတွေ ရှိပါတယ်။

spot_img

Recent posts