spot_img
Monday, December 11, 2023
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ရှိတက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ ယာယီပိတ်၊ စာမေးပွဲများရပ်ဆိုင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် လွိုင်ကော်မြို့ရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ အားလုံးကို ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

လက်ရှိ ယာယီပိတ်ထားလိုက်တဲ့ကျောင်းတွေကတော့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ စိုက်ပျိုးရေးသိပ္ပံ(ဒီမော့ဆို)၊ ကွန်ပျုတာတက္ကသိုလ်(လွိုင်ကော်)၊ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၊ ပညာရေးကောလိပ်(လွိုင်ကော်)၊ စက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)၊ လွိုင်ကော်တက္ကသိုလ် တို့ဖြစ်ပါတယ်။

ဒါ့အပြင် တက္ကသိုလ်အသီးသီးတွင် ဖြေဆိုလက်စ နှစ်ဝက်စာမေးပွဲကိုလည်း ရပ်ဆိုင်းလိုက်သလို ဖြေဆိုရန် ကျန်ရှိနေတဲ့ ဘာသာရပ်တွေအတွက် ပြန်လည်ဖြေဆိုမယ့်ရက်ကို ထပ်မံကြေညာပေးသွားမယ်လို့ တက္ကသိုလ်အသီးသီးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒီရောဂါတည်ငြိမ်သွားပြီဆိုရင်တော့ စာမေးပွဲပြန်စခိုင်းမှာပါ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ကိုပဲ ကလေးတွေကို တိုက်တွန်းနိုးဆော်နေပါတယ်” လို့ လွိုင်ကော်တက္ကသိုလ်ရဲ့မော်ကွန်းထိန်း ဦးစိုးသိန်းက ပြောပါတယ်။

ဒါ့အပြင် အဆောင်နေကျောင်းသားကျောင်းသူတွေ နေရပ်ပြန်နိုင်ရေးအတွက် အဆောင်မှူးများနဲ့ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်တွေက ကြီးကြပ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၂၃ရက်နေ့ ည(၁၁း၄၅)နာရီတွင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးတွေ့ရှိသူ နှစ်ဦး စတင်တွေ့ရှိနေပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts