spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် KNDF စစ်ဗျူဟာ အမှတ်(၂) က “မုဆိုး” ကမ်ပိန်း ပြုလုပ်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ လူအင်အား၊လက်နက်အင်အားနဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ အပြင် လွိုင်ကော်မြို့က စစ်ကောင်စီ ရဲ့ ယန္တာယား တွေကို မလည်ပတ်နိုင်အောင် တိုက်ခိုက်ရေးတွေလုပ်ဆောင်သွားဖို့ အတွက် ရည်ရွယ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ဗျူဟာ အမှတ် ၂ ကနေ ရန်ပုံငွေရှာဖွေတဲ့ အနေနဲ့ “မုဆိုး” ကမ်ပိန်းကို ပြုလုပ်နေပါတယ်။

ကရင်နီပြည်မှည ၁၁.၁၁ စစ်ဆင်ရေး စပြီးတဲ့နောက် ကရင်နီတော်လှန်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေဟာ နေ့စဥ်နဲ့ အမျှ တိုက်ပွဲဖြစ်ပွားနေပြီး လွိုင်ကော်မြို့ကို သိမ်းနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ လိုအပ်တဲ့ “မုဆိုး “ကမ်ပိန်းရဲ့ တာဝန်ခံတစ်ဦးက ကန္တရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ ကျနော်တို့ ဒီကမ်ပိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီ KNDF စစ်ဗျူဟာ အမှတ်(၂) အောက်မှာ ရှိတဲ့ တပ်ရင်း ၄ ရင်းကို စုပေါင်းပြီးတော့ စနိုင်ဘာ တစ်ဖွဲ့ဖွဲ့စည်းမယ်။ စနိုင်ဘာ တပ်ဖွဲ့ကို ဗျူဟာ တစ်ခုအနေနဲ့ ကျနော်တို့ ဖွဲ့စည်းမယ်ပေ့ါနော်။ ပြီးတော့ ကျနော်တို့ ဒီကရင်နီပြည်မှာ ဝင်ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လူအင်အား လက်နက်အင်အားနဲ့ ရိက္ခာလမ်းကြောင်းတွေကို ပိုပြီးတော့ ဖြတ်တောက်ဖျက်ဆီးနိုင်ဖို့ ပဲဖြစ်တယ်။ နောက်တစ်ချက်က လွိုင်ကော်မြို့ထဲမှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ ရဲ့ ဦးချုပ်ရေး ယန္တရားများ လုံးဝ လည်ပတ်ခြင်းမရှိနိုင်အောင် ကျနော်တို့ ဖိအားပေးတိုက်ခိုက်ဖို့ ဖြစ်တယ်။ အကြမ်းဖက် စစ်‌ေကာင်စီရဲ့ အထိုင် တပ်စခန်းကိုလည်း တိုက်ခိုက် ဖျက်ဆီးဖို့ပဲ ဖြစ်တယ်” လို့ “ကမ်ပိန်း” တာဝန်ခံက ဆိုပါတယ်။

မုဆိုး ကမ်ပိန်းဟာ KNDF ဗျူဟာ (၂) ဖြစ်တဲ့ KNDF တပ်ရင်း ၂၊ ၁၂၊ ၁၄၊ ၁၇ တို့က ဦးဆောင်တာဖြစ်ပါတယ်။ ကမ်ပိန်းကာလကို ၂၀.၁၁.၂၀၂၃ ကနေ ၁၁.၁၂.၂၀၂၃ အထိ ၃ ပတ်ကြာပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ကမ်ပိန်းကနေ ကျပ်သိန်း တစ်သောင်း ရရှိလာဖိုက မျှော်မှန်းထားပြီး ရရှိလာတဲ့ ငွေတွေကို လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွက် အဓိကဖြစ်တဲ့ လက်နက်ခဲယမ်း အရေးပေါ်အတွက် ထိရောက်စွာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

KNDF စစ်ဗျူဟာအမှတ်(၂) ဟာ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အဓိက တာဝန်ယူထားတဲ့ ဗျူဟာတစ်ခုဖြစ်ပြီး လက်ရှိ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ အတွက် ပြည်သူတွေ ပါဝင်ပေးကြဖို့ကိုလည်း ကမ်ပိန်းတာဝန်ခံက တောင်းဆိုထားပါတယ်။

spot_img
spot_img