spot_img
Tuesday, January 31, 2023
spot_img

လွိုင်ကော်မြို့အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ ဩဂုတ်လ ၂၄ရက်နေ့မှစပြီး ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ကို ရပ်ကွက်နဲ့ မြို့တွင်းမှာ ကားနဲ့ လှည့်လည်ပြီး ကြေညာသွားတယ်လို့ သိရပါတယ်။

“ ညနေ ၄နာရီလောက်က လာအော်တယ်လေ ဒေါတမရပ်ကွက်မှာအော်တာတော့ ညမထွက်ရရယ်၊ အဝေးကလူတွေလာရင် နယ်မြေမှူးတွေကို ပြောပြဖို့၊ အသက် ၆၀အောက်ဆုံးရင် ဆေးရုံကို ပို့ပြီး စာယူရမယ်ဆိုလားပဲ။ ထွေထွေထူးထူးတော့မရှိလောက်ပါဘူး မကြေညာထားတုန်းကလည်း ညထွက်ရင် ပစ်နေတာပဲကိုး ခုဟာက ထွက်ရင်ပစ်မှာလား ဖမ်းမှာလားတော့ မသဲကွဲဘူး။”လို့ လွိုင်ကော်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယခင်က ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းမရှိပေမယ့်လည်း လွိုင်ကော်မြို့တွင်း ညအချိန်မှာ တွေ့ရှိတဲ့သူတွေကို သေနတ်ဖောက်ပြီး လိုက်လံပစ်တာတွေရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

spot_imgspot_imgspot_imgspot_img

More from the blog

ယခင်နှစ်ထက် ဈေးတစ်ဆနီးပါးရတဲ့ ကယန်းဒေသထွက် ငရုတ်သီး

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်)) ကယန်းဒေသကထွက်ရှိတဲ့ ငရုတ်သီးတွေကို ပွဲစားတွေက ယခင်နှစ်ကထက် ဈေးတဆ လောက်ပိုပေးဝယ်နေတာကြောင့် ဈေးကောင်းရနေတယ်လို့ ငရုတ်စိုက်တောင်သူတွေက ပြောဆိုကြပါတယ်။ ငရုတ်သီးဈေးကောင်းရတဲ့အပေါ် အလယ်ကယန်းဒေသက ငရုတ်စိုက်တောင်သူ စခွန်းကြီးမောင်က "အရင်တစ်နှစ်က ဈေးနှုန်းက ရှစ်ထောင် ၊ တစ်သောင်း ဘားဆုံးပဲ။ ဒီတစ်နှစ်ကတော့ တစ်သောင်းရှစ်ထောင် များတယ်။ တစ်သောင်းကိုးထောင်၊ နှစ်သောင်းကတော့...

ဒေသခံတစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံး

ကန္တာရဝတီ တိုင်း(မ်) ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အကြမ်းဘက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိမှန် သေဆုံးသွားခဲ့ပါတယ်။ လက်နက်ကြီးဟာ မနက်ပိုင်း ၉ နာရီခွဲ ဝန်းကျင်လောက်က ကျလာတာဖြစ်ပြီး နေအိမ်မျာ ပစ္စည်းပြန်ယူတဲ့ အသက် ၂၇ နှစ်အရွယ်...

စစ်ရှောင်လူဦးရေ ထပ်မံတိုးလာတာကြောင့် ရေအခက်အခဲကြုံတွေ့နေရ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်လောက်ကစပြီး လူဦးရေ သုံးထောင်ငါးရာ ဝန်းကျင်လောက်ဟာ ထပ်ဆင့်ထွက်ပြေးတိမ်းရှောင်ရတဲ့အတွက် လက်ရှိမှာ ရေရှားပါးမှုပြသာနာနဲ့ ကြုံတွေ့နေကြရပါတယ်။ ယခင်ရှိပြီးသား စစ်ရှောင်စခန်းအများစုမှာလည်း ရေကိုမျှဝေသုံးစွဲနေကြရပြီး ယခုလို စစ်ရှောင်လူဦးရေ ထပ်မံတိုးပွားလာတာကြောင့် ရေရှည်မှာ ခက်ခဲလာနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဆရာဗညားက ပြောပါတယ်။ "အခုလောလောဆယ် ရှောင်တဲ့နေရာတွေ...

တိုက်ပွဲကြောင့် ထပ်ဆင့်ပြောင်းရွှေ့ရတဲ့ IDPs များ စားနပ်ရိက္ခာ အခက်အခဲ တွေနဲ့ ကြုံတွေ့နေရ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၂ ရက်နေ့စ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ ထိခိုက်မှုတွေကြောင့် IDPs စစ်ရှောင်စခန်း (၃)ခု ထပ်မံပြောင်းရွေ့ခဲ့ကြရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့လောက်က...