spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အတွင်း အချို့စားသောက်ဆိုင်များ ရက်အကန့်အသတ်မရှိ ခေတ္တပိတ်ထား၊ ပါဆယ်ဖြင့်သာရောင်းချ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ အတည်ပြုလူနာ ၃ ဦးတွေ့ရှိပြီးနောက် လွိုင်ကော်မြို့အတွင်း အချို့စားသောက်ဆိုင်များ ခေတ္တပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

နောင်ယား(ခ)ရပ်ကွက်အတွင်း ဒေသရိုးရာအစားအသောက်နဲ့ အအေးမျိုးစုံ ရောင်းချနေတဲ့ IORA ဆိုင် တာဝန်ရှိသူက စားသောက်ဆိုင်ဖြစ်တဲ့အတွက် လူအဝင်အထွက်များတာကြောင့် ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဆိုင်မှာ စားသောက်ခွင့်မပြုတော့ဘဲ ပါဆယ်သာလက်ခံတော့တယ်လို့ ဆိုပါတယ်။

“ခုလောလောဆယ် Delivery ပဲပို့ပေးတယ် ပါဆယ်ပဲပို့ပေးတယ် ဆိုင်ကိုခေတ္တပိတ်ထားတယ်။အခု ကူးစက်ပျံ့ပွားနေတဲ့ရောဂါကို စိုးရိမ်တယ်။ စားသောက်ဆိုင်ဆိုတော့ လူအဝင်အထွက်များတယ် ကျတော်တို့ဆိုင်က တခြားတိုင်းနဲ့ပြည်နယ်က လာတဲ့ဧည့်သည်တွေများလို့” လို့ IORA ဆိုင်မှ စောဝီစတင့်ဂျော့က ပြောပါတယ်။

ဆိုင်ခေတ္တပိတ်ထားတဲ့ IORA စားသောက်ဆိုင် တွေ့ရစဉ်

ခုချိန်မှာတော့ ဆိုင်ဝန်ထမ်းတွေကို အိမ်မပြန်ရအောင် ပါဆယ်၊Home Delivery Service ဖြင့်သာ ဆောင်ရွက်နေပြီး ကူးစက်ရောဂါဖြစ်ပွားမှု ပိုဆိုးလာမယ်ဆိုရင် ဆိုင်ပိတ်ထားမှာဖြစ်သလို ဆိုင်ဝန်ထမ်းတွေကိုလည်း အခြေအနေ နားလည်အောင်ရှင်းပြထားတယ်လို့ ဆိုပါတယ်။

“ကျတော်တို့ဆီထဲက တစ်ယောက်ယောက်ဖြစ်ပြီဆိုရင် ကျတော်တို့ဆီပါလာမယ် ကျတော့်သားသမီး ကလေးတွေပါလာမယ်။ အများကြီး ဆက်ဖြစ်လာနိုင်တယ်။ ကျတော်ကနေ တစ်ယောက်ယောက်ကိုကူးနေပြီဆိုရင် သူ့တို့ကိုပြန်ကူးသွားနိုင်တယ်။မထူးဘူးပေါ့ ဆိုင်ဖွင့်ရင် ကျတော်ပိုက်ဆံရပေမယ့်လည်း ရောဂါကိုထိန်းဖို့မဖြစ်နိုင်ဘူး။ ဒီဟာတွေလုံးဝပြီးသွားမှ ပြန်ဖွင့်ဖို့စဉ်းစားထားတယ်” လို့ ၎င်းကဆက်ပြောပါတယ်။

လွိုင်ကော်မြို့မှာရှိတဲ့ လူစည်းကားတဲ့အချို့စားသောက်ဆိုင်တွေကလည်း အိမ်တိုင်ရာရောက်ပါဆယ်ပို့တဲ့အစီအစဉ်၊ ဆိုင်အဝင်ဝမှာ လက်ဆေးဖို့နေရာတွေ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ဈေးဆိုင်၊ စတိုးဆိုင်၊ ဘဏ်တွေရှေ့မှာ မည်သူမဆိုလက်ဆေးဖို့နေရာ ထားရှိတာကိုတွေ့ရပါတယ်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်အတွက် မတ်လ၂၄ရက်နေ့က မန္တလေးတိုင်းအစိုးရက လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြား တိုင်းဒေသက ရပ်ကွက်အချို့မှာလည်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင် တွေကို ပါဆယ်သာ ရောင်းချသွားရန် နဲ့ ဆိုင်ထိုင်ရောင်းချနိုင်မယ့် နေ့ရက်ကိုပြန်အကြောင်းကြားပေးမယ်ဆိုတဲ့အကြောင်း အသိပေးထားပါတယ်။ ကယားပြည်နယ်အတွင်းမှာတော့ အဲလိုထုတ်ပြန်ချက်တွေ မရှိသေးပါဘူး။

spot_img
spot_img

Recent posts