spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့၊ စစ်ရှောင်စခန်းတစ်နေရာရှိ မူလတန်းကျောင်းမှာ ရေသိုလှောင်ထားဖို့ မိုးကာ နဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မူလတန်း(လွန်) စာသင်ကျောင်းမှာ ရေသိုလှောင်ဖို့အတွက် မိုးကာလိုအပ်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေသိုလှောင်ဖို့လိုအပ်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့စာသင်နှစ်တွေမှာ မိုးကာလှူဒါန်းပေးတာရှိပေမဲ့ ဆွေးမြေ့နေပြီဖြစ်တယ်လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

“မိုးကာ ခါကျတော့ သူတို့ လှူထားတယ်။ လှူတာကတော့ မလောက်ဘူးပေါ့နော်။ ဒါကလဲ မိုးရွာအုံးမယ် ရေခံရမယ် မိုးတွင်းဆိုတော့ အဲ့လိုတွေရှိတာပေါ့။ မိုးကာတွေလဲ လိုတယ် အဲ့လိုမျိုးတွေ တော့ရှိတယ်။ မိုးကာလဲ ခနခဏ ပါး အဲလိုဆိုတော့ မိုးကာတော့ အခက်အခဲရှိတယ်။ လိုအပ်ချက်ပေါ့နော် မိုးတွင်းဆိုတော့ မိုးရေတွေ လှောင်ထားတယ်ဆိုတော့ ဒီမှာတွေပြန်ခံ ဒီဖက်ကိုပြန်ထည့် နှစ်တိုင်းခါကျတော့ လဲလှယ်ပေးရတယ်။ တစ်နှစ်တောင် မခံဘူး မိုးထိလိုက် နေပူထိလိုက် ခဏလေးနဲ့ ပျက်တယ်”လို့ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

အဆိုပါ မူလန်းတန်း(လွန်)ကျောင်းမှာ KG အတန်း ကနေ (၇) တန်းရှိပြီး သင်ကြားရတဲ့ ဘာသာရပ်တွေမှာ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ ၊ ကရင်နီစာ၊ ပထဝီ၊ လူမူရေး စတဲ့ဘာသာရပ်တွေအပြင် စိတ်ပိုင်းဆိုင်ရာဖြေလျော့ဖို့အတွက်လည်း တစ်ပတ်မှာတစ်ကြိမ် ကိုယ်လက်လှုပ်ရှားတာ၊ သီချင်းဆိုတာ၊ ဂိမ်းဆော့တာ စတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မေလ ၆ ရက်နေ့ကစပြီး စာသင်ကြားနေပြီဖြစ်သလို သင်ထောက်ကူပစ္စည်းတွေနဲ့ ဘောပင်၊ ခဲတံ၊ စာအုပ် တွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းမှာတော့ ကျောင်းသားဦးရေ (၁၃၆)ဦးရှိပြီး ဆရာ၊ ဆရာမ ၉ ဦးနဲ့ သင်ကြားနေတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts