spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်မှာ WFP ကနေပြီး ရိက္ခာ လေးမျိုး ထောက်ပံ့ပေးနေ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (မေလ ၆ရက်) လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက် မှာ ဒေသခံ တွေကို (World Food Programme) WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ က စားနပ်ရိက္ခာ လေးမျိုး ဝေပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အိမ်ထောင်စုစာရင်း ပြပြီးတော့ ထုတ်ရတယ်လို့ ဆိုပါတယ်။

” ပစ္စည်းသွားထုတ်ရင် တန်းစီရတယ်။ တန်းစီးပြီးတော့ အိမ်ထောင်စုစာရင်း ပြပြီးတော့ ထုတ်ရတာပေါ့နော။ ကျနော်ကိုယ်တိုင် အထဲထိ မရောက်သေးဘူး။ ထုတ်လည်းမထုတ်ရသေးဘူး။ လူတအားများလို့လေ။ ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆန် (၇)ပြည် ၊ ဆီ တစ်လီတာ ၊ ဆား ၁ ထုပ် ၊ ပဲ ၁ ပိဿာ ထုတ်ပေးတယ်လို့ သိရပါတယ်။ ဒေါတမ ရပ်ကွက်က စာသင်ကျောင်း နှစ်ကျောင်း မှာ ဝေပေးနေတာဖြစ်ပြီး မနက်ဖန် ဆက်ဝေသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက် နဲ့ မိုင်းလုံးရပ်ကွက် ဒေသခံတွေကို ကမ္ဘာ့ကုလသမဂ္ဂ (UN) က လူသုံးကုန်ပစ္စည်း ဖြစ်တဲ့ မိုးကာ၊ စောင် ၊ဒယ်အိုး ခွက် ၊ရေပုံး ၊ စတဲ့ပစ္စည်း (၁၁)မျိုး ကို ဝေပေးတာတွေလည်း ရှိခဲ့ပါတယ်။

spot_img
spot_img