spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ လူနေအိမ်တလုံး မီးလောင်

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်က လူနေအိမ်တလုံး ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့ ည ၇နာရီကျော်အချိန်မှာ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ပြီးနောက် ရပ်ကွက်အတွင်းက ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာကြောင့် ဘေးအိမ်တွေကို ကူးစက်ခြင်းမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

လူထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ်တအိမ်လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မည်သည့်အကြောင်းရင်းကြောင့် မီးလောင်တာကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

spot_img
spot_img