spot_img
Tuesday, May 30, 2023
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ကယန်းသာယာမှာ WY အမျိုးအစား မူးယစ်ဆေးဝါး ၂၄၉ပြား ဖမ်းဆီးရမိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာမှာ WY အမျိုးအစား မူးယစ်ဆေးဝါး ၂၄၉ပြား နဲ့အတူ တရားခံ ၃ဦးကို မေလ ၆ရက်နေ့မှာ ဖမ်းဆီးရမိ ခဲ့တယ်လို့ KNDF B-14 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သတင်းရရှိတဲ့အတွက် မူးယစ်ဆေးဝါးနဲ့အတူ ပိုက်ဆံတချို့နဲ့ ကျောက်စိမ်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ တန်ဖိုးတော့ ဘယ်လောက်ရှိလဲ ပြောရင်တော့ ခဏက ပြောတဲ့ဟာပဲပေါ့နော။ ဘယ်လောက်လဲတော့ ကျနော်လည်း အတိအကျမသိဘူး။ ပြီးတော့ ပိုက်ဆံလည်း ပါတယ်ကော။ တစ်သိန်းကျော်လားမသိ ပါတယ်။ ပြီးတော့ ကျောက်စိမ်းတွေကအစ သူတို့က ပွဲစားလိုပုံစံမျိုးတွေလားမသိဘူး။ သူတို့ ဒါတွေ အားလုံးပေါင်းလို့ရှိရင် တော်တော်လေးစျေးများမယ်လို့ ထင်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျောက်စိမ်းတွေ လည်းပါတယ်။ ပြီးတော့ သူတို့တခြား ကျောက်တွေကော လက်စွပ်အဟောင်းတွေကော ရွှေလက်စွပ်တွေ အဲ့လိုမျိုးတွေကအစ အကုန်လုံးပါတယ်။ ချိန်ခွင်တွေလည်း ပါတယ်။ အဲ့လိုမျိုး ဖြစ်နေတော့ ကျနော်ထင်တယ် အကုန်အကျတော့များမယ်။ စျေးလည်းများမယ်ပေါ့နော။ ဒါပေမယ့် ဘယ်လောက် ဘယ်လောက်လဲဆိုတာ အတိအကျတော့ ပြောလို့ မရဘူးပေါ့နော။” လို့ KNDF B-14 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးရမိသူကို ကရင်နီပြည်ရဲဌာန ( KSP ) ထံ မေလ ၆ရက်နေ့ ညနေ ပိုင်းမှာ လွဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာလည်း WY အမျိုးအစား မူးယစ်ဆေးဝါး ၂၃၁ပြားကို ရောင်းဝယ်နေသူတစ်ဦးနဲ့ သုံးစွဲသူ ၉ဦးနဲ့အတူ KNDF B-14 နဲ့ KSP တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲနေတာကို သတင်းရရှိပေမယ့် သွားရောက်ဖမ်းဆီးတဲ့အခါမှာ မဖမ်းမိတာတွေလည်း ရှိနေတယ်လို့ KNDF B-14 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာ ရပ်ကွက်တွေအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူတွေ များပြားလာတာကို တွေ့ရပါတယ်။

Recent posts