spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ဒေါမူကလားကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာထဲကို ဒီကနေ့ (ဇန်နဝါရီလ ၃ရက်) မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့တဲ့ ရွှေလွိုင်ကော်ပရဟိတ အသင်းဝင်တစ်ဦးက ပြောပါတယ်။

“အခုဒီရက်ပိုင်းမှာတော့ အဲဒီမှာ တိုက်ပွဲဖြစ်တာမျိုးတွေမရှိဘူး။ ဒီမြို့နဲ့တော့ နီးတယ်။ မြို့အစွန်လောက်ကျမှာပေါ့နော။ အဲဒီရွာက ၁၁နာရီအထိနောက်ဆုံးပေါ့နော။ ၁၁နာရီမှာကျတယ်။ ရွာသူရွာသားပြောတာကတော့ ၄လုံးလောက်ကျတယ်တဲ့ ၁၁နာရီလောက်အထိပေါ့။ အဲဒီမှာ ရွာထဲနှစ်လုံး ရွာပြင်နှစ်လုံး ပထမတစ်လုံးကျတဲ့လူနာကတော့ သူ့ဟာသူသွားလိုက်တယ်။ အဲဒီပထမတစ်လုံး သူ့အိမ်တွေ သူ့အိမ်တော့ နည်းနည်းပါးပါးထိသွားတယ်။ အဲဒီနောက်ဆုံးတစ်လုံးကျတဲ့ဟာကတော့ သူ့ခြံဝန်းထဲပဲ ကျတာဆိုတော့ အိမ်တော့ ထိခိုက်တာမရှိဘူး။ လူပဲ ခြေတလုံးထိသွားတယ်။ အသက်အန္တာရာယ်တော့ မစိုးရိမ်ရဘူးဗျ။” လို့ သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူထဲက အမျိုးသားတစ်ဦးကတော့ နေအိမ်ခြံဝန်းထဲ အလုပ်လုပ်နေစဉ် လက်နက်ကြီးစထိသွားတာဖြစ်ပြီး အသက် ၆၅နှစ်အရွယ် ဦးဦးရယ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ထိခိုက်ဒဏ်ရာရသူနှစ်ဦးစလုံးမှာ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဆိုပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၃ရက်နေ့ နေ့လည် ၁၁နာရီအချိန်မှာ လက်နက်ကြီး ၄လုံးဟာ ဒေါမူကလားကျေးရွာထဲနှစ်လုံးနဲ့ ရွာအပြင်မှာနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ လွိုင်ကော်မြို့တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“ဒီနေ့မနက် ၁၀နာရီလောက်မှာ အသံကြားတယ်။ အရမ်းတော့မကျယ်ဘူး။” လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း လွိုင်ကော်မြို့ပေါ်က တောင်စျေး၊ နောင်ယားကန်ထောင့်တွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတာရှိတယ်လို့ Job For Kayah ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒေါမူကလားကျေးရွာမှာ လက်ရှိဒေသခံတွေနေထိုင်ပြီး မည်သည့်အကြောင်းကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်လာတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img

Recent posts