spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ နန်းကွတ်ရပ်ကွက်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ကြပ်ကြီးအပါအဝင် ၉ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရရှိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ ၊ နန်းကွတ်ရပ်ကွက်အတွင်းရှိ ရေစီးကွေ့အနီးမှာ ယမန်နေ့ ( ဩဂုတ်လ ၉ ) ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ကြပ်ကြီး စိုးလှိုင်နဲ့ တပ်ကြပ် လွင်ဦး ဆိုသူတို့အပါဝင် ၉ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားများမှ ဒန်ဘာကားဖြင့် ထွက်ခွာလာချိန်မှာ ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်နီတပ်မတော် တပ်ဖွဲ့ဆီကနေ သိရှိရပါတယ်။

ဩဂုတ်လ ၉ ရက်နေ့မှာ ချိကယ်အုပ်စုရဲ့ အရှေ့ဘက်ခြမ်းမှာ တနေကုန်နီးပါး ပစ်ခတ်ခံတွေ ကြားနေရတယ်လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦး ပြောပါတယ်။

“မနေ့က အသံတွေကြားနေရတာပေါ့နော်။ ချိကယ်အရှေ့ဖက်ခြမ်းမှာပေါ့၊ တနေကုန်နီးပါးပဲ။ ညနေပိုင်းတော့ ခဏငြိမ်သွားတယ်။” လို့ မြို့နေဒေသခံတစ်ဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ဒန်ဘာကားတစ်စီးဟာလည်း ရေမြောင်းထဲ ထိုးကျသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားများမှာ ခလရ ၆၆ က တပ်သားများဖြစ်တယ်လို့ သိရှိရပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဖက်မှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ကရင်နီတပ်မတော် KA ရဲ့ တာဝန်ရှိသူဆီကနေ သိရှိရပါတယ်။ လက်ရှိမှာတော့ ကရင်နီပြည်ရဲ့ မြို့နယ်တိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိနေပါတယ်။

spot_img
spot_img