spot_imgspot_imgspot_imgspot_img
Thursday, April 24, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ န.တ.လ ကျောင်းရှိ CDM ကျောင်းဆရာ အလုပ်ထုတ်ခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း(န.တ.လ)ကျောင်းရှိ CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေ ဝန်ထမ်းကနေ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။

၎င်းကျောင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနဲ့လေ့ကျင့်ရေးဦးစီးဌာန လက်အောက်က ဖြစ်ပြီး ဝန်ထမ်း၉ဦးကို အာဏာသိမ်းစစ်ကောင်စီက မေလ၃ နေ့မှာ အလုပ်ကထုတ်ပယ်လိုက်တဲ့အထဲမှာ ကယားပြည်နယ်က ၅ဦး ထုတ်ခံရတဲ့အထဲပါနေတာဖြစိပါတယ်။

CDM ပြုလုပ်တဲ့အတွက် အလုပ္က ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ရုံးအမိန့်စာမှာ ပါရှိပါတယ်။

လက်ရှိမှာ CRPH ကဖွဲ့စည်းတဲ့အစိုးရတွေနဲ့ ပူးပေါင်းဖို့ အဆက်အသွယ်မရှိသေးပေမယ့်လည်း စစ်အာဏာရှင်အောက်မှာ အလုပ်မလုပ်ချင်လို့ အေးအေးချမ်းချမ်းပြန်နေရဖို့ CDM မှာပါဝင်တာလို့ အလုပ်ထုတ်ခံရသူတစ်ဦးက ဆိုပါတယ်။

” အခုလိုမျိုးခက်ခဲနေတာကို ကျော်လွှားပြီးအေးအေးချမ်းချမ်းနဲ့ ပြန်နေချင်တယ်လေ။ အဲ့လိုပါပဲ။ ” လို့ပြောပါတယ်။

ရုံးပြန်တက်ဖို့ခေါ်စာတစ်စောင်ရရှိခဲ့ပေမယ့် ရုံးပြန်မတက်လို့ အလုပ္ထုတ္ခံရတဲ့ အမိန့်ကို သိရတယ်လို့ သူကဆက်ပြောပါတယ်။

နယ်စပ်ရေးရာဝန်ကြီးလက်အောက်မှာရှိတဲ့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှာ CDM ပြုလုပ်လို့ အလုပ္ထုတ္ခံရတဲ့ ဝန်ထမ်း ကယားပြည်နယ်အတွင်း ၆ ဦးရှိနေပါတယ်။

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနရဲ့ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ဟာဆိုရင်
လွိုင်ကော်မြို့ကတစ်ကျောင်း ၊ ဘောလခဲမြို့မှာတစ်ကျောင်း နှစ်ကျောင်းရှိပါတယ်။

spot_img
spot_img
spot_img

Recent posts