spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ ဖာ့တီမာမယ်တော်ဂူအနီးမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ ဖာ့တီမာ မယ်တော်ဂူမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ရက်နေ့အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ် KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း KNDF B-12 က ရဲဘော်တစ်ဦး၊ လွိုင်ကော် PDF ကရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ရှိခဲ့ပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားပေမယ့် အဲဒီအနီးအနားကျေးရွာထဲက နေအိမ်တွေ၊ ဆိုင်ကယ်တွေကို ဖျက်စီးသွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကတော့ ဖာ့တီမာနဲ့ ဖာ့တီမာရယ် လွယ်ထွဲရွာရယ် အဲဒီအနီးအနားမှာတော့ ရှိနေသေးတယ်ပေါ့နော။ ဒါပေမယ့် အဲဒီမယ်တော်ဂူနားတစ်ဝိုက်ကိုတော့ ကျနော်တို့ ရှင်းလင်းရေး လုပ်နိုင်ခဲ့တယ်ပေါ့နော။ ကျနော်တို့ ဘက်ကနေပြီးတော့။ “ လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လူထုတွေအနေနဲ့ အသွားအလာ မပြုလုပ်ကြဖို့ KNDF B-02 က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“လွိုင်ကော်မှာတော့ ဒီမနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်။ အခုတော့ မကြားရတော့ဘူး။ မြို့ထဲမှာလည်း စစ်သားတွေအပြည့် တင်ထားတဲ့ စစ်ကားတစ်စီး ပတ်နေတာတွေ့တယ်။ ဟတ်စကီးလည်း ဝဲနေတယ်။” လို့ လက်ရှိ လွိုင်ကော်မြို့လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက လွယ်ထွဲကျေးရွာဘက်ကို စစ်ကားလေးစီးနဲ့ အင်အားဖြည့်နေတဲ့အတွက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ပြီး ဒေသခံတွေအနေနဲ့ သွားလာလှုပ်ရှားမှုတွေ မပြုလုပ်သေးဖို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားပါတယ်။

spot_img

Recent posts