spot_imgspot_imgspot_imgspot_img
Monday, January 20, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ အတွင်း စက်သုံးဆီ(ဓါတ်ဆီ) ၁လီတာလျှင် တစ်သောင်းထိစျေးမြင့်တက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မြို့တွင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ စက်သုံးဆီတွေပြတ်လပ်နေပြီး တချို့ဆိုင်တွေမှာ ဓါတ်ဆီ တစ်လီတာကို ကျပ် ၁သောင်းအထိ ပေးဝယ်နေရတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဆီကားတွေ မဝင်တာရယ်၊ စစ်ရှောင်ဖို့ ဆီတွေ လာဝယ်ကြတာမျိုးတွေကြောင့် ဆီတွေ ပြတ်ကုန်ပြီ။ ကျနော်ဆိုင်ဆို ရောင်းဖို့ကိုမရှိတော့ဘူး။ ” လို့ ဆီရောင်းချသူတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ စတင်ခဲ့တဲ့(၁၁.၁၁) စစ်ဆင်ရေးဟာ ၁၀ ရက်မြောက်နေ့အထိ ရောက်ရှိနေပြီး လက်ရှိအချိန်ထိ မြို့ကနေ တိမ်းရှောင်တဲ့သူများပြားသလို ကျန်ရစ်သူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့တွင်းနဲ့ ရပ်ကွက် တချို့မှာတော့ လမ်းတွေပိတ်ထားတာ ရှိပြီး မြို့ တွင်းက ဖွင့်လှစ်ပေးနေတဲ့ တချို့ ဆီဆိုင်တွေမှာလည်း အချိန်အကန့်သတ်နဲ့သာ ရောင်းချပေးနေတယ်လို့ သိရပါတယ် ။

“မနက်ခင်းပဲဖွင့်ကြတာ နေ့လည်လောက်ဆို ဆိုင်တွေပိတ်ပြီး ဆီဆိုင်တွေရှာရအရမ်းခက်တယ်။ မနေ့က ဝယ်ရတာ ၅၀၀၀ ခုက ၈၀၀၀ ထိ ဖြစ်နေပြီလို့ ပြောနေကြတယ်။”လို့ လွိုင်ကော်မှာ ရှိနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြို့တွင်းတိုက်ပွဲ မဖြစ်ပွားခင်က လွိုင်ကော်မြို့မှာ စက်သုံးဆီစျေးဟာ တစ်လီတာကို ၂၀၀၀ ကျော်သာ ပေးဝယ်ရပေမဲ့ လက်ရှိမှာတော့ ကျပ် ၁သောင်း အထိပေးဝယ်ရသလို ရေရှည်မှာ ဝယ်မရတော့မှာကို စိုးရိမ်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img
spot_img

Recent posts