spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ အထင်ကရ စေတီဖြစ်တဲ့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ရှိ စေတီအချို့ လက်နက်ကြီးထိမှန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ အထင်ကရ စေတီဖြစ်တဲ့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) မှာရှိတဲ့ စေတီအချို့ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တာတွေ ရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

” တောင်ကွဲစေတီပတ်ချာလည်မှာ ကျနော်တို့ ရဲဘော်တွေ၊ လူထုတွေက မြို့တွင်းဝင်နိုင်တဲ့အပေါ်မှာ ဓါတ်ပုံရိုက်တဲ့ဟာတွေ ပေါ့နော အဲ့ဒါကြောင့်မလို့လည်း တောင်ကွဲစေတီကို စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပေါ်မှာ ဘုရားတွေ တချို့ ပျက်စီးသွားတာဖြစ်ပါတယ်။ ကျနော်တို့တွေကတော့ တောင်ကွဲစေတီမှာ တပ်စွဲထားတာမရှိပါဘူးဗျာ။ ” လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တောင်ကွဲစေတီ အပါအဝင် စစ်ရှောင်တွေရှိနေတဲ့ ဘုန်းတော်ကြီး‌ကျောင်းတွေမှာလည်း လက်နက်ကျည် ထိမှန်တာတွေရှိတာကြောင့် ပြည်သူတချို့ထိခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” တောင်ကွဲစေတီရှေ့ လွတ်လပ်ရေး ကျောက်တိုင် နား စျေးဆိုင်ခန်းမှာ ရှောင်နေတဲ့ ဦးလေးကြီး ထိတယ် ထိခိုက်ဒါဏ်ရာ ပြင်းတယ် ” လို့ လွိုင်ကော်မြို့ မင်္ဂလာ ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက ဒီကနေ့ (ဒီဇင်ဘာလ ၁၀ရက်နေ့) မှာ ပြောဆိုပါတယ်။

ဒီကနေ့ (ဒီဇင်ဘာလ ၁၀ရက်) မနက်အစောပိုင်းမှာလည်း လွိုင်ကော်မြို့က သီရိမင်္ဂလာဈေး (တောင်ဈေး) လက်နက်ကြီး ကျရောက်မှုကြောင့် မီးလောင်ပြာကျခဲ့ရတာက စစ်ကောင်စီရဲ့ တစ်ဖက်သတ်လုပ်ရပ်ဖြစ်တယ်လို့လည်း (KNDF) ဥက္ကဌ ခွန်းဘီထူးက ပြောဆိုခဲ့ပါတယ်။

” လွိုင်ကော် တောင်ဈေးမီးလောင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ စုံစမ်းပါတယ်။ ကျနော်တို့ တပ်ဖွဲ့တွေကတော့ လွိုင်ကော်ဈေးအနီးဝန်းကျင်မှာ မရှိဘူး။ တိုက်ပွဲဖြစ်တာမဟုတ်ပဲ လက်နက်ကြီးပစ်တာမျိုးပေါ့နော။ ကျနော်တို့ ထင်တာကတော့ ကမ္ဘောဇဘဏ်အပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေပြီးတော့ ပစ်ကွင်းကိုရှင်းတဲ့ သဘောမျိုးနဲ့ ဒီနေအိမ်တွေကို မီးလောင်သွားစေတဲ့ ဟာမျိုးလို့ ယူဆရပါတယ်။ ဒါကြောင့်မလို့ ဒီလွိုင်ကော်ဈေးမီးလောင်ရတဲ့ အကြောင်းရင်းတွေက ကျနော်တို့ဖက်မှာ တိုက်ပွဲဖော်တာတွေ၊ ဈေးထဲမှာရှိနေတာတွေ၊ သွားလာတဲ့ဟာမျိုးတွေ မလုပ်ပါဘူး။ အဲ့ဒါက စစ်ကောင်စီရဲ့ တစ်ဖက်သတ်လုပ်ရပ်ပဲဖြစ်ပါတယ်။ ” လို့ ခွန်းဘီထူးက ဆိုပါတယ်။

၁၁.၁၁ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ လွိုင်ကော်မြို့တွင်းမှာဆိုရင် လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုတွေ ရှိနေပြီး ထိခိုက်ပျက်စီးတာတွေ များပြားနေတာဖြစ်ပါတယ်။

“ကုန်ပြီလေး။ နောင်ယား ဘုရားကျောင်း ၊တောင်ကွဲ၊ နောင်ယားစျေး၊ တောင်စျေး မြောက်စျေး အားလုံး ထိထားမှတော့ ဘာကျန်တော့မှာ “လို့ လွိင်ကော်စစ်ရှောင်တစ်ဦးက ပြောဆိုပါတယ်။

လွိုင်ကော်မြို့ရှိ နောင်ယား ဘုရားကျောင်းအပြင် ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ ထိမှန်ပျက်စီးမှုတွေရှိနေတာပါ။ လက်နက်ကြီးစ ထိမှန်တဲ့တောင်ကွဲစေတီမှာလည်း သံဃာတော် နဲ့ စစ်ရှောင်အနည်းငယ်ရှိနေသေးတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts