spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ ဖုန်းလိုင်း အားလုံးပြတ်တောက်နေ

Author

Date

Category

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့တွင်းမှာ (၁၁.၁၁) စစ်ဆင်ရေး တိုက်ပွဲတွေဖြစ်ပွားတာ ၁၂ ရက်နေ့မြောက်အထိ ရှိလာပြီးနောက် မြို့တွင်းမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားပြီဖြစ်တယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

“အိမ်မှာ ဦးလေးနဲ့ အစ်ကိုကျန်ခဲ့တယ်၊ မနေ့ကတည်းက ခုထိ ဆက်သွယ်မရတော့ အရမ်းစိတ်ပူနေပြီ ၊ အမေကလည်း ငိုနေပြီ ” လို့ ရှမ်းပြည်ဘက်ကို စစ်ရှောင်နေတဲ့ လွိုင်ကော်မြို့ခံ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နောက်ပိုင်းမှာ မိုင်တဲ ဆင်းမ်ကဒ် သုံးစွဲသူတွေအတွက် အင်တာနက်ဝန်ဆောင်မှုတွေ စတင် ပြတ်တောက်သွားခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၁၇ ရက်နေ့ကစပြီး မြို့ပေါ်ရပ်ကွက်တွေမှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့သလို MPT ဆင်းမ်ကဒ် တစ်မျိုးတည်းသာ ရရှိတော့ပေမဲ့ လက်ရှိမှာတော့ မည်သည့်ဆင်းမ်ကဒ် အမျိုးအစားမဆို ဆက်သွယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

လွိုင်ကော်မြို့တွင်းရပ်ကွက်တွေမှာ ကျန်ရှိနေသူအများအပြားရှိနေသေးတာကြောင့် ဆက်သွယ်မှုပြတ်တောက်သွားတဲ့အခါ မြို့တွင်းကနေ တိမ်းရှောင်သွားကြတဲ့ ဒေသခံတွေက ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးမိတ်ဆွေတွေအတွက် စိုးရိမ်မှုရှိနေကြပါတယ်။

“လွိုင်ကော်မြို့တွင်း သတင်းအမှောင်ချပြီး သူတို့လုပ်ချင်ရာ လုပ်တော့မယ်ထင်တယ် ၊ မှော်ဘီဂိတ်ကလည်း လွိုင်ကော်မြို့ အဝင် တွေပိတ်လိုက်တယ်ကြားတော့ မြို့ထဲကလူတွေအတွက်တော့ စိုးရိမ်မိတယ်ဗျာ။ ” လို့ ရှမ်းပြည်ကို စစ်ရှောင်နေတဲ့ အမျိုးသားတဦးကပြောပါတယ်။

လွိုင်ကော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ လောဓမ၊ ကြည်သာယာ၊ ဒေါတမနဲ့ နမ့်ဘော်ဝမ်ရပ်ကွက်တွေအပြင် တချို့ရပ်ကွက်တွေမှာလည်း ဒေသခံတွေကျန်ရစ်နေဆဲဖြစ်ပြီး ခန့်မှန်းခြေလူဦးရေ နှစ်သောင်းဝန်းကျင် ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ အသင်းအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

spot_img
spot_img

Recent posts