spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့ ကလေးရဲ့ ရုပ်အလောင်းကို စစ်ရှောင်လမ်းမှာ မြေမြှုပ်သင်္ဂြိုလ်ရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က လွိုင်ကော်မြို့မှာ နေထိုင်တဲ့ မိသားစုတစ်စုရဲ့ နေအိမ်ကို လက်နက်ကြီးကျရောက်ပြီး ထိမှန် သေဆုံးသွားရတဲ့ သားရဲ့ ရုပ်အလောင်းကို စစ်ရှောင်ရင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့ရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေဆီကနေ သိရှိရပါတယ်။

အဆိုပါ လက်နက်ကြီး ထိမှန်သေဆုံးသွားတဲ့ ကလေးဟာ ၈နှစ်အရွယ်ရှိတဲ့ ယောကျ်ားလေးဖြစ်ပါတယ်။ ထော်လာဂျီနဲ့ သားရဲ့ ရုပ်အလောင်းကို သယ်ယူပြီး၊ မြို့အပြင်ဖက်ကို စစ်ရှောင်လာရင်း မြေမြှုပ်သင်္ဂြိုလ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုရှိနေတဲ့ကြားက ခက်ခက်ခဲခဲထွက်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သွားနေတဲ့ လမ်းတလျှောက်မှာလည်း မြေမြှုပ်သင်္ဂြိုလ်နိုင်ဖို့ နေရာမရှိခဲ့တာကြောင့် မိသားစုတွေအနေနဲ့ ဒုက္ခရောက်ခဲ့တယ်လို့ သိရပါတယ်။

“အဓိကက သူတို့ အလောင်းသင်္ဂြိုလ်ဖို့ နေရာမရှိလို့ သူတို့ အကူအညီတောင်းလာတာပေါ့နော်။ အဲ့ခါကြတော့ တချို့က တချို့စစ်ရှောင်နေရာခါကြတော့ သူတို့ အယူရှိတယ်လေးနော်။ ဥပမာ အစိမ်းသေတာမျိုးဆို လက်မခံဘူးတို့၊ ရွာမှာ လက်မခံဘူးဆိုတဲ့ဟာမျိုးရှိတော့ သူတို့လည်း အဲ့လိုမျိုး ကြုံနေခဲ့ရခါကြတော့ ကျမတို့က သက်ဆိုင်ရာ ဥက္ကဌတွေနဲ့ပေါ့နော်။ ညှိပေးတယ် ပြီးတော့မှ ခွင့်တောင်းပေးတယ်ပေါ့နော်။ ပြီးတော့မှ အဲ့ဒီ စစ်ရှောင်နေရာ တခုမှာပဲ ပြန်ပြီး သဂြိုလ်ပေးလိုက်ရတဲ့ အနေအထားရှိတယ်ပေါ့။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသမီးတဦးက ဆိုပါတယ်။

စစ်ရှောင်တွေကို သွားရောက်ကူညီဆောင်ရွက်ပေးရာကနေ လမ်းမှာတွေ့ခဲ့ပြီး အဆိုပါ မိသားစုတွေရဲ့ လိုအပ်ချက်ကိုမေးမြန်းရာကနေ သေဆုံးသွားတဲ့ သားရဲ့ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ဖို့ မြေနေရာရှာနေတာကြောင့် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတဲ့ နေရာအပြင်၊ မြို့ပေါ် လူနေရပ်ကွက်တွေထိ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်မှုရှိခဲ့တာကြောင့် လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ နေအိမ်ပျက်စီးမှုလည်း ရှိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၅ ရက် တရက်တည်း လွိုင်ကော်မြို့မှာ ကလေးနှစ်ဦးပါအဝင် အရပ်သားသုံးဦးဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရပါတယ်။ ကရင်နီပြည် လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ (၁၁.၁၁) စစ်ဆင်ရေးဟာ ၁၄ ရက်နေ့မြောက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုအပြင်၊ လမ်းသွားပြည်သူကို ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၇၀ ထက်မနည်း သေဆုံးမှုရှိနေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်တဲ့အဖွဲ့တွေဆီကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts