spot_imgspot_imgspot_imgspot_img
Tuesday, January 14, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ လျှပ်စစ်မီး ပုံမှန်ပြန်ရတာ ၃ရက်ရှိပြီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့မှာ ၂၄ နာရီ လျှပ်စစ်မီးပြန်ရနေတာ ၃ ရက်ရှိနေပြီလို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

“မီးပုံမှန် ပြန်ဖြစ်တာ ၃ ရက် တော့ရှိပြီ။ ခါတိုင်းဆို ည ၉ နာရီ ကနေ မနက် ၅လောက်ထိ အကုန်ပျက်တာ ဆေးရုံတွေ ဘုရားတွေက အစ။” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၂ရက်နေ့ကစပြီး လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီး ပုံမှန်ပြန်ရရှိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ ၂၄ နာရီ လျှပ်စစ်မီးပုံမှန်ပြန်ရရှိတာ ရှိဖူးပေမယ့် ရက်ပိုင်းအတွင်း မီးပြန်ပျက်သွားတာရှိတာကြောင့် လက်ရှိ မီးပုံမှန် ပြန်ရတဲ့အပေါ် စောင့်ကြည့်ရမယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“တာဝါတိုင်တွေသာ ထပ်မကျိုး တော့ရင် မီးက ပုံမှန်ပြန်ဖြစ်မှာပါ “လို့ အမည်မဖော်လိုသူ EPC ဝန်ထမ်းတစ်ဦး က ပြောပါတယ်။

အရင် မီးပျက်တဲ့အချိန်ဟာ ည ၉နာရီမှ မနက် ၅နာရီထိဖြစ်ပြီး ညပိုင်းမီးပျက်တာကြောင့် အလုပ်မထိခိုက်တဲ့အတွက် ပုံမှန်အခြေအနေဖြစ်နေပြီလို့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေက ဆိုပါတယ်။ လက်ရှိ လျှပ်စစ်မီးပုံမှန်ပြန်ရတာကို ရပ်ကွက်တွင်း ကြေညာတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတွေက လွိုင်ကော်မြို့မှာ မီးပျက်တဲ့ညချိန်အတွင်း ဆိုင်ကယ်နဲ့ လျှပ်စစ်မီးကြိုး ခိုးယူမှုတွေကို အလွယ်တကူ ပြုလုပ်နိုင်တာကြောင့် ခိုးယူမှုများပြားခဲ့တယ်လို့လည်း သိရပါတယ်။

spot_img
spot_img
spot_img

Recent posts