spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်လေကြောင်းလိုင်းမှ ခရီးစဉ်နှစ်ခု တိုးချဲ့ပြေးဆွဲ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်လေဆိပ်မှ တစ်ပတ်လျှင် KBZ ၊ MNA လေကြောင်းနှစ်မျိုးဖြင့် ရန်ကုန်-လွိုင်ကော်၊ လွိုင်ကော်- ရန်ကုန် ခရီးစဉ်အတွက် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တွေမှာ ပုံမှန်ပြေးဆွဲရာမှ ဇူလိုင်လ ၃ ရက်နေ့မှစပြီး ခရီးစဉ်နှစ်ခု ထပ်မံတိုးချဲ့ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ MNA လေကြောင်းလိုင်းဖြင့် လွိုင်ကော်လေဆိပ်မှ နေပြည်တော် နဲ့ ဟဲဟိုးလေဆိပ်ကို ထပ်မံတိုးချဲ့ပြေးဆွဲထားတာဖြစ်ပြီး ဒေသခံပြည်သူတွေ သိရှိနိုင်ဖို့အတွက် လေကြောင်းလူမှုကွန်ယက်စာမျက်နှာမှာလည်း အသိပေးထားတယ်လို့ သိရပါတယ်။

KBZ လေကြောင်းလိုင်းဖြင့် တနင်္ဂနွေနေ့၊ MNA လေကြောင်းလိုင်းဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ ပုံမှန်ပြေးဆွဲလျက်ရှိတာပါ။

“အသစ်ဖွင့်လှစ်တာတော့ မဟုတ်ဘူး ကျမတို့ ပြည်နယ် အခက်အခဲကြောင့် လွိုင်ကော်ကနေ ရန်ကုန်၊ ရန်ကုန်ကနေ ကားနဲ့ သွားချင်ရင် သွားပေါ့၊ ဟဲဟိုးက နီးနီးလေး ဆိုပေမယ့် နှစ်ဆင့်စီးရတာကြောင့် ပြည်နယ်အတွက် အဆင်ပြေစေရန် ဟဲဟိုးတစ်ရက် နေပြည်တော် တစ်ရက် ပြေးဆွဲပေးနေပါတယ် (MNA)
လေကြောင်းလိုင်းပါ။”လို့ လေယာဥ်လက်မှတ် အရောင်းဌာနဆီကနေ သိရပါတယ်။

တိုးချဲ့ပြေးဆွဲတဲ့ လွိုင်ကော်-နေပြည်တော် ကို တစ်သိန်းတစ်ထောင်၊ လွိုင်ကော်- ဟဲဟိုး ကို ကိုးသောင်းတစ်ထောင် စသဖြင့် ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။

လေကြောင်းတိုးချဲ့ပြေးဆွဲတာ ခရီးသွားပြည်သူအတွက် အဆင်ပြေပေမယ့် သတ်မှတ်ထားတဲ့ ဈေးနှုန်းက အခြေခံလူတန်းစားတွေအတွက် မတတ်နိုင်ဘူးလို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခြေခံလူတန်းစားတွေ အတွက် ကုန်းလမ်းပဲအဆင်ပြေတာလေး။ ဒါကိုကျ အရမ်းတွေ စစ်နေ ရစ်နေတော့ မမိုက်ဘူးမြင်တာပဲ လေယာဥ်စီးခ စျေးသက်သာရင်တော့တစ်မျိုးပေါ့”လို့ သူက ပြောပါတယ်။

ကရင်နီပြည်တွင်းနဲ့ မြို့ထွက်တွေမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိသလို ခရီးသွားလာတဲ့ ပြည်သူတွေလည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်၊ အသုံးအဆောင်ပစ္စည်းတွေ စစ်ဆေးခံရတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။

spot_img
spot_img