spot_imgspot_imgspot_imgspot_img
Monday, February 17, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်လေဆိပ် လေကြောင်းလိုင်း ၃ ရက်ပိတ်မည်

Author

Date

Category

စိုးထိုက်အောင်

လွိုင်ကော် လေဆိပ်ကို တိုးချဲ့ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် လွိုင်ကော် – ရန်ကုန် လေကြောင်းလိုင်းကို ၃ ရက်တာ ပိတ်သွားမယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေဆိပ်မန်နေဂျာ (လွိုင်ကော်) ဦးကျော်မိုးနိုင် ကပြောပါတယ်။

“ကျတော်တို့လေယဉ်ပြေးလမ်းအသစ်နဲ့အဟောင်းမှာအဆက်ရှိပါတယ်။ အသစ်ကတော့ ပေ၁၈၀၀ အကျယ်ကပေ ၁၀၀ ရှိပါတယ်။ အဟောင်းကတော့ လက်ရှိပေ၅၂၀၀ နဲ့အကျယ်ကပေ၇၅ပေ ရှိပါတယ်။ အဲ့ဒီနှစ်ခုရဲ့အဆက်နေရာရဲ့စလုတ်ပေါ့ လေယဉ်ဆင်းတဲ့အခါကျ ချောမွေ့အောင်လို့ စလုတ်ဖြေတဲ့သဘောအနေနဲ့အဲ့ဒီလုပ်ငန်းလုပ်မှာဖြစ်တဲ့အတွက်အဲ့ဒါ ပိတ်တာပါ။”လို့ ဦးကျော်မိုးနိုင်က ပြောပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ် မူလလေယာဉ် ပြေးလမ်းနှင့် တိုးချဲ့လေယာဉ်ပြေးလမ်း အဆက်ဖြည့် ခြင်း လုပ်ငန်းကို လေယာဉ်ပြေးလမ်းပိတ်၍ ဌာနမှ အင်ဂျင် နီယာများ လုပ်ငန်းခွင်တွင် ကြီးကြပ်ပြီး ဆောင်ရွက် သွားမည်ဖြစ်ရာ ဖေဖော်ဝါရီလ ၂၁ မှ ၂၃ ရက်နေ့အထိ အဆိုပါ (၃) ရက်တာကာလအတွင်း မည်သည့် လေကြောင်းလိုင်းမှ ပြေးဆွဲဆောင်ရွက်မည် မဟုတ်ဘူးလို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts