spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ ( က ) နဲ့ အမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် ၁၉ ဦးလွှတ်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ (သြဂုတ်လ ၁ ရက်နေ့) မှာ စစ်ကောင်စီက ဝါဆိုလပြည့် ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၇၇၄၉ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အထဲမှာ လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအပါအဝင် ၁၉ ဦး ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ လွိုင်ကော်အကျဉ်းထောင်က အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁ ဦး လွှတ်လာပါတယ်။ ၅၀၅ ( က ) တချို့ပါတယ်။” လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အကျဉ်းသားတွေကို ပြန်လည်လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာ ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး လွိုင်ကော်အကျဉ်းထောင်က စုစုပေါင်း ၁၄၇ ဦး လွှတ်ငြိမ်းသက်သာခွင့်ရခဲ့ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ လက်ရှိအချိန်အထိ စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားသူ ၁၉၆ ဦး ရှိနေသေးတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု ( PKPF ) က သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပုဒ်မ ၅၀၅ ( က ) အပြင် တခြားဥပဒေပုဒ်မနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၅ နှစ်ကျခံရသူရဲ့ မိသားစုဝင် တစ်ဦးကတော့ အဆက်အသွယ်မရသလို လွှတ်ငြိမ်းသက်သာခွင့်ထဲလည်း မပါဝင်ဘူးလို့ ဆိုပါတယ်။

သြဂုတ်လ ၁ ရက်နေ့ လွှတ်ငြိမ်းသက်သာခွင့်ထဲမှာ သေဒဏ်ကျခံရသူတွေကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပေးခဲ့သလို လက်နက်ကိုင်နဲ့ပတ်သက်တဲ့ ကြားနာနေဆဲ အမှုနဲ့ ရင်ဆိုင်နေရသူ ၇၂ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) ကတော့ စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကျဉ်းသား ၇ ထောင်ကျော်ကို လွှတ်ပေးခဲ့တယ်လို့ ကြေညာထားပြီးနောက် ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီအထိ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား (၁၂၀)ကျော်ကို အတည်ပြုထားပြီး ဆက်လက်အတည်ပြုနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts