spot_imgspot_imgspot_imgspot_img
Tuesday, June 24, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ခြမ်းမှာ တောမီးကူးစက်မှုကြောင့် နေအိမ် ၂၉ လုံး မီးလောင်ပြာကျ၊ စပါးကျီနဲ့ စပါး ပျက်စီးဆုံးရှုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့က တောမီးလောင်ပြီး ကျေးရွာအထိ ကူးစက်မှုကြောင့် နေအိမ် ၂၉ လုံး မီးလောင်ပြာကျခဲ့ပြီး စပါးကျီ၊ စပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ကယားလီဖုလူငယ် အဖွဲ့ဆီကနေ သိရပါတယ်။

တောမီးလောင်ရာကနေ ကျေးရွာအတွင်း ကူးစက်လာတာဖြစ်ပြီး ကျေးရွာခံတွေဟာ စစ်ဘေးရှောင်နေရတာကြောင့် အချိန်မှီ မီးမငြိမ်းနိုင်တဲ့အတွက် နေအိမ် ၂၉ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။

“အိမ်ကတော့ ၂၉အိမ်ပေါ့နော်။ ခုနပြောသလိုမျိုးပဲ။ ဒါပေမဲ့ စပါးကျီကတော့ အိမ်တိုင်းလိုလိုတော့ပါတယ်။ ဒါပေမဲ့စားနပ်ရိက္ခာနဲ့ပတ်သက်လို့ရှိရင်တော့ သူတို့ စုထားတာမျိုးတော့ မရှိတော့ဘူးပေါ့နော်။ ရွာမှာမထားတော့ဘူး‌ပေါ့နော်။ ဒါပေမဲ့ တစ်အိမ်နှစ်အိမ်ပဲရှိတယ်လို့ပြောတယ်။ အပြင်က စစ်ရှောင်တွေ စပါးလာထားတဲ့ဟာတွေပေါ့နော်။” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ကယားလီဖုလူငယ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျေးရွာမှာ ကျန်ရစ်တဲ့ ဒေသခံတချို့ကနေ မီးငြိမ်းသတ်နိုင်ခဲ့တာကြောင့် ရွာလုံးကျွတ်မီးလောင်မှုကနေ ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကျေးရွာခံတချို့ သိုလှောင်ထားတဲ့ စပါးတွေ မီးလောင်ကျွမ်းခဲ့တာကြောင့် လာမယ့်နှစ် စားနပ်ရိက္ခာအတွက် စိုးရိမ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။

ကျေးရွာခံတွေဟာ စစ်ဘေးရှောင်တာ ၂နှစ်ကျော်ရှိနေပြီး စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ပြန်လာနေထိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ စစ်ရှောင်စခန်းမှာသာ နေထိုင်ကြပြီး နေ့လည်အချိန်မှာသာ နေအိမ်ပြန်ကြည့်ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ကျေးရွာမှာ နေအိမ် ၉၂လုံးရှိပြီး ၂၉အိမ်ဟာ မီးလောက်ပြာကျခဲ့ရပါတယ်။

spot_img
spot_img

Recent posts