spot_img
Friday, May 27, 2022
spot_img

လွိုင်ကော်အရှေ့ဖက်ခြမ်းတွင် ပစ်ခတ်သံများကြားရပြီး ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရ

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ဇူလှိုင်လ ၂ ရက်နေ့ နံနက်ပိုင်းမှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းရှိ ပါလောင်းကျေးရွာနဲ့ ဒေါတရိုးကျေးရွာအနီးမှာ ပစ်ခတ်သံများ ကြားရတဲ့အတွက် ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

“ ပါလောင်းရွာအကျော်မှာ ပစ်တယ်။ ၁၅ မိနစ်လောက် ပစ်တယ်။ ပြီးတော့ ပြန်ရပ်လိုက်တယ်။ အပြန်အလှန်ပစ်ကြတာမျိုးတော့ မကြားဘူး။ လက်နက်ကြီး နှစ်လုံးပစ်တာ ကြားတယ်။ အလုံးသေး ဆယ်လုံး ၊ ဆယ့်ငါးလုံး ပစ်ပြီး ပြန်ရပ်တယ်။ ရွာထဲမှာ ဘယ်သူမှ မနေကြတော့ဘူး။ လက်နက်ကြီးတွေ ပစ်မှာကြောက်လို့ ကျနော်တို့ အကုန်လုံး ပြေးကြတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ညနေပိုင်းမှာ လွိုင်ကော်-ရှားတော လမ်းမကြီးပေါ်ရှိ ပွန်ချောင်းဖက်ကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်တွေရှိပြီး ပါးလောင်းကျေးရွာအကျော်ရှိ ဘုန်းကြီးကျောင်းမှာ နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးသံ၊ လက်နက်ငယ်သံများ ပစ်ခတ်မှုများကို ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီ၄၅ မိန်ခန့်မှာ ၁၅ မိနစ်ခန့် ကြာအောင် ကြားရပြီး မည်သူ၊မည်ဝါက ပစ်ခတ်တာကို မသိကြောင်း ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်သံတွေ ကြားနေရပြီး အနီးအနားကျေးရွာရှိ ပါလောင်း၊ ဒေါတရိုး၊ ဒေါစဲကျေးရွာရှိ ဒေသခံပြည်သူတွေက ရွာလုံးကျွတ် ရုတ်တရက် ထွက်ပြေးကြရတာကြောင့် ပစ္စည်း၊ စားနပ်ရိက္ခာ၊ မိုးကာ စတဲ့ လိုအပ်တဲ့အရာတွေ မသယ်မီနိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ ကျနော်တို့က ရုတ်တရက်ထပြေးကြတော့ ဘာမှ မပါလာဘူး။ မိုးကာတောင် မပါဘူး။ ကလေးတွေ၊ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေလည်း အကုန်လုံး ဒီအတိုင်းပဲ ခေါ်ပြီးထပြေးကြတာ။ ကျနော်တို့က ဘာမှမသိတော့ အရမ်းကြောက်ကြတယ်။ ကျနော်တို့လည်း အဝေးကြီးပြေးမှ ရတယ်။ တခြားနေရာလည်း မရှိတော့ဘူး။ မိုးလည်းရွာတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး။ “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယခင် မိုးဗြဲ၊ ဒီးမော့ဆိုမြို့နယ်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့အချိန်မှာ လွိုကော် – ရှားတော လမ်းမကြီးပေါ်ရှိ ဒေသခံတချို့က ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဇွန်လ ၁၅ ရက်နေ့မှာ အပစ်ရပ်ကြောင်း ကြေညာပြီးနောက် ကျေးရွာကို ပြန်လာနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲကြောင့် သေဆုံးသူ ( ၇၆) ဦးရှိလာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူ တစ်သိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒိန်းမတ်သံရုံး နဲ့ WFPက နေပြီး ရှမ်း-တောင်မှာ စစ်ရှောင်နေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ပေးနေ

ကန္တာရဝတီတိုင်း(မ်) ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေပြီး ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ပင်းတယမြို့နယ် နဲ့ တောင်ကြီးမြို့နယ်တွေမှာ လာရောက်ခိုလှုံနေတဲ့ ကရင်နီ နဲ့ ရှမ်း-ကယား နယ်စပ်က စစ်ရှောင် တွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။“ စောင်၊ ဖျာ၊ မီးဖိုချောင်သုံးအိုးခွက်ပန်းကန် ဓါး၊...

ရှမ်းပြည်-တောင် ပိုင်းက ကျေးရွာတချို့တွေမှာ စစ်ရှောင်တွေကို ထပ်မံ လက်မခံတာတွေ ရှိလာ

မော်မီမြာ (ကန္တာရဝတီတိုင်း(မ်))ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသက တချို့ ကျေးရွာ ၊ ရပ်ကွက် တွေမှာ ကရင်နီပြည်က ထပ်မံလာရောက်မယ့် စစ်ရှောင်တွေကို လက်မခံဖို့ ပြောဆိုတာတွေ ရှိနေတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။စစ်ရှောင်တွေ လက်မခံဖို့ PNO နဲ့ ထွေအုပ် ကနေပြီး ညွှန်ကြားထားတယ်လို့ ပြောဆိုကြတာရှိသလို...

ဖမ်းဆီးထိန်းသိမ်းထားသူ ၁၂၆ ဦးရှိပြီး ၂၄ ဦးကို ခံဝန်ကတိနဲ့ ပြန်လွတ်ပေး ခဲ့ကြောင်း KSCC ထုတ်ပြန်။

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူ ၁၂၆ ဦး ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်း က တောင်းဆိုမှု၊ လူသားချင်းစာနာထောက်ထားမှုတွေကြောင့် အဲဒီထဲက ၂၄ ဦးကို ခံဝန်ကတိ နဲ့ ပြန်လည်လွတ်ပေးခဲ့တယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC က ဒီကနေ့...

ဒေါတမကြီး ကျေးရွာထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီး၊ ရွာသားတစ်ဦး လက်နက်ကြီးစ ထိမှန်

ကန္တာရဝတီတိုင်း(မ်) မနေ့က ည၁၀ နာရီခွဲအချိန်မှာ စစ်ကောင်စီဖက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ဒေါတကြီးကျေးရွာထဲ ကျရောက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တစ်ဦးဆီကနေ ကနဦး သိရှိရပါတယ်။ “ည ၁၀ နာရီ မိနစ် ၂၀ ဝန်းကျင်မှာပါ။ လက်နက်ကြီး...