spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် စစ်ရှောင်အိမ်ထောင်စု တစ်ထောင်ကျော်အတွက် ကယားလီဖု လူငယ်က ဆန်ရိက္ခာထောက်ပံ့ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်း ၂ခုမှာရှိနေတဲ့ အိမ်ထောင်စု (၁၁၈၂)စုအတွက် ကယားလီဖုလူငယ်ကနေ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နှုန်းဖြင့် ပေးဝေထောက်ပံ့ခဲ့ပါတယ်။

“ကယားလီဖုအနေနဲ့ကတော့ စစ်ရှောင်တွေအတွက် ပုံမှန်ထောက်ပံ့ပေးနိုင်တာ မရှိဘူးပေါ့နော။ အရင်ကတော့ ကျမတို့ ရှာတဲ့အလှူရှင်ကနေ ရတဲ့ စားနပ်ရိက္ခာနည်းနည်းပါးပါး လိုအပ်တဲ့နေရာမှာလိုက်ပြီးတော့ ကူပေးတာရှိတယ်ပေါ့နော။ ဒါပေမဲ့ အခုလိုမျိုး စစ်ရှောင်စခန်း ၂ နေရာစာကို အိမ်ထောင်စု တစ်ထောင်ကျော်အတွက်ပေါ့နော အားလုံး cover (လွမ်းခြုံ) ဖြစ်အောင် တစ်အိမ်ကို ဆန်တစ်အိတ်နှုန်းနဲ့ ရအောင်လုပ်ပေးနိုင်တာက ပထမဆုံးတစ်ခေါက်ပဲပေါ့နော။”လို့ ကယားလီဖုလူငယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကယားလီဖု လူငယ်အနေနဲ့ ဆန်ရိက္ခာ အများအပြားထောက်ပံ့ပေးနိုင်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့အနေနဲ့ ပညာရေးပိုင်းကို အဓိက ကူညီလုပ်ဆောင်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေကို သွားလာဖို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အပြင် အလှူရှင်မရောက်ရှိတာ ကြာမြှင့်ပြီဖြစ်တဲ့အတွက် ဆန်ရိက္ခာက ပိုမိုခက်ခဲနေကြတယ်လို့ သိရပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်တွေကို ပုံမှန်လှူတဲ့အဖွဲ့အစည်းမရှိဘဲ ဒေသခံလူမှုအသင်းအဖွဲ့ကနေ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးမှုတွေသာရှိတယ်လို့ သိရပါတယ်။

“စစ်ရှောင်တွေရဲ့အဓိက လိုအပ်ချက်ကပေါ့ စားနပ်ရိက္ခာပေါ့နော ပထမတစ်ချက်ပေါ့။ ပညာရေးနဲ့ပတ်သက်ရင်လည်း အများကြီးလိုအပ်တယ်ပေါ့နော။ သင်ထောက်ကူပစ္စည်းတွေ အဓိကကတော့ ဆရာ ဆရာမတွေရဲ့လိုအပ်ချက်ပေါ့နော။ အခြေခံထောက်ပံ့ကြေးတွေရယ် လိုအပ်နေတယ်။ ဆေးဝါးဆိုရင်လည်း ဒီဖက်မှာက ဆေးဝါးနဲ့ပတ်သက်ပြီးတော့မှ ကူညီနေတဲ့ အဖွဲ့သီးသန့်ရယ်လို့ မရှိဘူး။ ဆေး ဆရာမတွေလည်းမရှိဘူး သူနာပြုတွေ ဆရာဝန်လည်းမရှိဘူးဖြစ်နေတော့ အဲ့ဒီအပိုင်းလည်း အများကြီးလိုအပ်နေတာရှိတယ်ပေါ့နော။”လို့ ကယားလီဖုလူငယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ လွိုင်ကော်မြို့အနီးတဝိုက်က ဒေသခံတွေအပြင် ဒီးမော့ဆိုမြို့နယ် နဲ့ အခြားသော နေရာဒေသကနေ တိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေဖြစ်ပြီး လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ လတ်တလောတိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီကနေ လက်နက်ကြီးပစ်ခတ်မှုတွေတော့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img

Recent posts