spot_img
Sunday, April 2, 2023
spot_img

လွိုင်ကော် နမ့်ဘော်ဝမ်(က) ရပ်ကွက်မှာ အသတ်ခံရပြီး သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (စက်တင်ဘာလ ၂၄ရက်) မနက်ပိုင်းမှာ လွိုင်ကော်မြို့နယ် နမ့်ဘော်ဝမ် (က) ရပ်ကွက် အတွင်း အုပ်စု ၉ ဆိုင်တန်းလျား အတွင်းက ဆိုင်ခန်းအလွတ် တစ်ခန်းမှာ အမည်မသိ အမျိုးသားတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတစ်သင်းက ဆိုပါတယ်။

“ ကျနော်တို့ ကို အကြောင်းကြားတဲ့အချိန် သွားကြည့်တဲ့အခါမှာ ဓါးခုတ်ဒဏ်ရာတွေနဲ့ သူ့ကို စောင်နဲ့ပတ်ပြီးထားခဲ့တာကိုတွေ့တယ်။ သေနေပြီပေါ့ရောက်တော့။ သေနေပြီဆိုတာကို ကျနော်တို့ကိုအကြောင်းကြားလို့ ကျနော်တို့ သွားကြည့်တဲ့အချိန်မှာ ဓါးခုတ်ဒဏ်ရာတွေနဲ့ ဆိုင်ခန်း အလွတ်ထဲမှာ သေနေတာကိုတွေ့တယ်။ သေနေတဲ့သူက ဘယ်သူမှန်း မသိရဘူး။ “ လို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးနေတဲ့ အမျိုးသားက အသတ်ခံရတာဖြစ်ပြီး လည်ပင်းနဲ့ ရင်ညွှန့်မှာ ဓါးထိုးသွင်းဒဏ်ရာတွေ့ရသလို တခြား ခန္ဓာကိုယ်နေရာတွေဖြစ်တဲ့ ဝဲနားထင်၊ ဝဲပုခုံး၊ ဝဲလက်မ၊ ဝဲရင်ဘတ်တွေမှာလည်း ဒဏ်ရာတွေ ရှိနေတာကိုတွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

အနီးအနားက ဒေသခံတွေ ပြောပြချက်အရ လာရောက်ပြီး ရုပ်အလောင်းကို လွိုင်ကော်ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူက ဘယ်သူမှန်း မသိရှိရဘူးလို့ဆိုပါတယ်။

“ ဘယ်ကမှန်းလည်း မသိဘူး။ အုပ်စုမှူးတွေဆီမှာလည်း ဧည့်စာရင်းတိုင်ထားတာလည်း ဘာမှမရှိဘူး။ ဘယ်က လာလို့လာမှန်းလည်း မသိဘူး။ လောလောဆယ် ပိုင်ရှင်မဲ့ပေါ့။ “ လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

သေဆုံးသူကတော့ အသက် ၄၅ဝန်းကျင်အရွယ်ဖြစ်ပြီး ခန့်မှန်းချေအရ အသတ်ခံရမှုက ယမန်နေ့ည ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အလောင်းတွေ့ရှိတဲ့နေရာဟာ လက်ရှိမှာ ဆိုင်ခန်းဌားရမ်းမယ့်သူမရှိသေးတဲ့ ဆိုင်ခန်းအလွတ်ဖြစ်ပြီး လူနေကျဲတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့တွေက စုံစမ်းနေတာရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတစ်သင်းထံကနေ သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းမှာ အရပ်သားသေဆုံးမှုတွေ အများအပြားရှိခဲ့ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သေဆုံးတဲ့အရပ်သားပြည်သူ (၂၆၁)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ တတိယပတ်အတွင်း လွိုင်ကော်မြို့ပေါ်မှာ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရသလို သေနတ်ဒဏ်ရာနဲ့ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် လွိုင်ကော် နမ့်ကွတ်ရေစီးကွေ့မှာ အမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။ “၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက်...