spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် နှစ်ထပ်ဈေးမီးလောင်မှုဟာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဖြစ်ကြောင်း IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ နှစ်ထပ်စျေးနဲ့ အနီးတစ်ဝိုက်စျေးဆိုင် မီးလောင်မှုဟာ စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) အတွင်းရေးမှူး ( ၂ ) ဦးဗညားက ပြောပါတယ်။

“သေချာတာကတော့ စစ်ကောင်စီက တမင်သက်သက်ကို ဗုံးကြဲဖျက်ဆီးတယ်လို့ ကျနော်တို့ သိရပါတယ်။ ဘားမှကို တိုက်ပွဲမရှိပဲနဲ့ တမင်တကာ လူထုတွေရဲ့ အဆောက်အအုံကို ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ ဒါကတော့ ကျနော်တို့ပြည်နယ်မှာ ဦးဆုံးအကြိမ်လုပ်တာလည်း မဟုတ်ဘူးပေါ့နော။ ခဏခနလုပ်တယ်။ တခြားတိုင်းနဲ့ ပြည်နယ်မှာလည်း စစ်ကောင်စီက လုပ်နေကျအတိုင်းပဲပေါ့နော ဖျက်ဆီးခြင်းဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ နှစ်ထပ်စျေးဟာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးကြဲမှုကြောင့် မီးလောင်တာဖြစ်ပြီး တခြားအနီးပတ်ဝန်းကျင်က အဆောက်အအုံ ၁၀ လုံးဝန်းကျင်လောက်ကို မီးစွဲလောင်သွားတယ်လို့ ဆိုပါတယ်။

“သူ့ဟာက မီးလောင်ပြီးတော့ မှ ဆက်တိုက်ကူးလောင်သွားတယ်ဆိုတဲ့ ပုံတွေကို ကြည့်ခြင်းအားဖြင့်သိရတယ်။ နောက်ပြီးတော့ နေရာအနှံ့မီးလောင်တယ်ပေါ့နော။ နောက်ပြီးတော့ ဒီဘက် မြို့ထဲမှာရှိတဲ့ KNDF တွေ ပူးပေါင်းတပ်တွေက နိုင်သလောက် မီးလိုက်ငြိမ်းလို့ မီးငြိမ်းသွားတယ်လို့ ပြောလို့ရပါတယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

စစ်‌ကောင်စီရဲ့ Website စာမျက်နှာမှာတော့ အဲဒီပစ်ခတ်မှုဟာ သူတို့ လုပ်တာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ စစ်ကောင်စီက သူတို့ရဲ့ စစ်ရာဇဝတ်မှုလုပ်ရပ်တွေကို ဝန်ခံမှာမဟုတ်ပဲ အမြဲငြင်းဆိုနေမှာဖြစ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“စစ်ရာဇဝတ်မှုမြောက်တဲ့ဟာမျိုးကိုတော့ သူတို့က ကျနော်တို့က တအားကြီး ပေါ်ပေါ်တင်တင်ပြောကြတယ်ဆိုကြတယ်။ ကန့်ကွက်ကြတော့ သူတို့က မလုပ်ဘူးပြောတယ်ပေါ့နော။ တကယ်လက်တွေ့က သေချာတာတစ်ခုက အဲဒီအနားမှာ တိုက်ပွဲမရှိဘူး။ သူတို့က တမင်တကာ ဒရုန်းနဲ့ ဗုံးလာကြဲပြီးတော့မှ ဖျက်ဆီးတယ်ဆိုတော့ ကျနော်တို့က ပြောလို့ရတယ်။” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့က အိမ်တွေမီး‌လောင် ပျက်စီးသွားတာကို ကြားနေရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ တောင်ကြီးရောက် လွိုင်ကော်စစ်ဘေး‌ရှောင်
တစ်ဦးက ပြောပါတယ်။

“အရာရာဆုံးရှုံးသလို ခံစားရတယ်။ ပြန်ရမယ့်မျှော်လင့်ချက် မရှိတော့သလိုပေါ့။ ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။” လို့ သူက ပြောပါတယ်။

နှစ်ထပ်စျေးဟာ လွိုင်ကော်မြို့ပေါ်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် များစွာက တည်ရှိခဲ့တဲ့ ဒေသခံပြည်သူတွေ မှီခိုရာ စျေးကြီးတစ်ခုဖြစ်ပါတယ်။

လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး) ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးကြောင့် မီးစလောင်ခဲ့ပြီး စျေးတန်းတစ်ခုလုံး ပြာကျသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံပေါင်း (၃၂၄၁) လုံးရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ကဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts