spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် ပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ထိခိုက်ဒဏ်ရာရသူ ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီကနေ ဦးစီးကျင်းပတဲ့လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးဝန်း သင်္ကြန်မဏ္ဍပ်မှာ ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ လွိုင်ကော် ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” အဝေးကနေ အသံတစ်ချက်တော့ ကြားလိုက်တယ်။ ဒရုန်းနဲ့ ပစ်ခံရတာ ဖြစ်နိုင်တယ်။ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်ဆိုတာကိုတော့ သိရတယ်။ ဒါပေမယ့် ဘယ်သူတွေလဲ။ ဘယ်နှယောက်ထိလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ ကြည်သာယာ၊ နမ့်ဘော်ဝမ်တို့ဘက်ကတော့ အေးဆေးရေပက်ကစားနေကြတယ်။” လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဗုံးကြဲခံရပြီးနောက် ထိခိုက်ဒဏ်ရာရရှိမှု ပြောဆိုချက်နဲ့ပတ်သက်ပြီး အသေးစိတ်ဖြစ်စဉ်တွေကို ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဗုံးကြဲခံရမှုဖြစ်စဉ်အပြီး လက်နက်ကြီးပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီရဲ့ ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ပြီး နောင်ယား( ခ ) ရပ်ကွက်မှာရှိတဲ့ မဟာသင်္ကြန်မဏ္ဍပ်မှာ ‌ပွဲကျင်းပခဲ့ကြပြီး စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts