spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် – မိုးဗြဲ လမ်းမကြီးနဲ့ လွိုင်ကော် -ဆီဆိုင် လမ်းမကြီးတွေကို သွားလာနိုင်ပြီလို့ KNDF တပ်ရင်း(၂) ပြန်လည်အသိပေး

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လ (၂၈)ရက်နေ့ကစပြီး လွိုင်ကော်-မိုးဗြဲ လမ်းမကြီး နဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတွေကို ပြန်လည်သွားလာလို့ရပြီ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၂)က ပြန်လည်အသိပေးလိုက်ပါတယ်။ သို့ပေမယ့် လူထုတွေအနေနဲ့ လုံခြုံရေးအသိဖြင့် သွားလာကြဖို့ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ နည်းလမ်းပေါင်းစုံ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးတင်းမာမှု အခြေအနေတွေအရ ရှမ်း နဲ့ ကရင်နီ ပြည်ကို သွားလာတဲ့ လွိုင်ကော် – မိုးဗြဲ လမ်းမကြီးနဲ့ လွိုင်ကော် -ဆီဆိုင် လမ်းမကြီးတွေကို ကားကြီး (ဆယ်ဘီးကား ၊ ကုန်ကား ၊ တွဲကား ၊ဒန်ဘာ ၊ မိုးကာအုတ်) တွေ လုံးဝ သွားလာခြင်းမပြုလုပ်ကြဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈)ရက်နေ့က ထုတ်ပြန်အသိပေးခဲ့တာရှိပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး လွိုင်ကော်မြို့ထဲကို အင်အားဖြည့်တင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့လည်း ကာကွယ်ရေးပူးပေါင်းတပ်တို့ လွိုင်ကော်-မိုးဗြဲလမ်းမကြီး တစ်လျှောက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ကုန်းသာကျေးရွာ၊ နွားလဝိုးကျေးရွာ၊ ပဒါညေးကျေးရွာက ဒေသခံတွေ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးက ဒေသခံတွေဟာလည်း မိမိနေအိမ်ကို ပြန်လည်မနေထိုင်ကြသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

spot_img
spot_img