spot_imgspot_imgspot_imgspot_img
Thursday, September 19, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော် အရှေ့ခြမ်း တစ်နေရာမှာ မိုးလေဝသ မှန်ကန်စေဖို့အတွက် “ဘိုးဖိုး”တောင်မှာ ရိုးရာပူဇော်ပွဲ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာမှာ တည်ရှိတဲ့ “ဘိုးဖိုး”တောင်လို့ အမည်ရတဲ့ တောင်ထိပ်မှာ မိုးလေဝသမှန်ကန်စေဖို့အတွက် ရိုးရာ ပူဇော်ပွဲကို ယမန်နေ့ မေလ ၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ပူဇော်ပွဲကို တစ်နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး လာမယ့်နှစ် စိုက်ပျိုးရာသီအတွက် မိုးကောင်းဖို့၊ စပါးအထွက်နှုန်းကောင်းဖို့၊ အစာရေပေါများကြွယ်ဝဖို့၊ တိုင်းပြည်အေးချမ်းသာယာဖို့အတွက် ကျေးရွာ သုံးရွာက ဒေသခံတွေ စုပေါင်းပြုလုပ်ကြတာဖြစ်ပါတယ်။

ပူဇော်ပွဲမှာတော့ မိမိတို့နေအိမ်ကနေ ယူဆောင်လာတဲ့ ထမင်း၊ ဟင်း၊ ငှက်ပျောသီး၊ မုန့်၊ ငါး၊ ခေါင်နဲ့ ပူဇော်ကြတယ်လို့ ကျေးရွာရပ်မိရပ်ဖဖြစ်တဲ့ ဦးရယ်က ပြောပါတယ်။

“တောသစ် တိုင် တစ်တိုင်မှာက အမှတ်ယူတာရှိတယ်။ အမှတ်တစ်ခုစီမှာ အရုပ်တစ်မျိုးစီထားတယ်။ အကယ်၍ ရာသီဥတုနဲ့ပတ်သက်ပြီး မိုးရွာ၊ နေပူတာတို့ကို တောင်းချင်ရင် ကျနော်တို့ အဲ့မှာ ပြန်သွားတောင်းတယ်ပေါ့။ပြီးတော့ အဲ့မှာဆိုရင် ထမင်းနွေးနွေးလေး၊ ငှက်ပျောသီး တို့၊ မုန့် တို့ ပူဇော်တာရှိတယ်။ အသားတော့ မပါဘူး။ ငါးတစ်မျိုးပဲ ပါတာပေါ့။” လို့ သူက ပြောပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ကယားလူမျိုး ဒေသခံတွေ စုပေါင်းပြုလုပ်ခဲ့ကြပြီး ရိုးရာအရ ဗုံတီးပြီး ကခုန်တာ၊ သပြေခက်နဲ့ မင်္ဂလာရေပက်ဖြန်းတာ၊ ဆုတောင်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကရင်နီနှစ်သစ်ကူးပြီးသွားတဲ့နောက် ပထမဆုံး လကွယ်ရက်မှာ တောင်ပေါ်တက်ပြီး ရိုးရာပူဇော်ပွဲကို တစ်နှစ်တစ်ခါ ကျင်းပကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts