spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်လင်လေးမြို့နေ လင်မယားနှစ်ဦးထံမှ WY မူးယစ်ဆေးပြားနဲ့ ငွေသားကို လက်ဝယ်ဖမ်းဆီးရမိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်လင်လေးမြို့ ဝမ်းပန်ကျေးရွာနေ လင်မယားနှစ်ဦးထံမှ WY မူးယစ်ဆေးပြား ၁၂၉၃ ပြားနဲ့ ငွေသား (၃၉၀၃၅၀)ကျပ်ကို လက်ဝယ်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၂) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ WYစိတ်ကြွရူးသွပ်ဆေးပြားရောင်းဝယ်ဖောက်ကားနေတာကို သိရှိတဲ့အတွက် KNDF B-12၊ ကရင်နီပြည်ရဲဌာန(KSP)၊ K.R.G Forces တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူနှစ်ဦးနဲ့ ပစ္စည်းတွေကို KSP ထံ အပ်နှံခဲ့ပြီး ပြည်သူတွေအနေနဲ့ မတရားတဲ့နည်းလမ်းဖြင့် အသက်မွေးဝမ်းကြောင်း မပြုကြဖို့ KNDF ကတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့ အမျိုးသားနှစ်ဦးကို သိန်းနှစ်ရာကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့အတူ KNDF B-12၊ ကရင်နီတပ်မတော်(KA) တို့ ပူးပေါင်းပြီး ဖမ်းမိရမိခဲ့ပါသေးတယ်။

spot_img
spot_img