spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျပြီး အမျိုးသမီးငယ်တစ်ဦး နဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့နယ်အတွင်းရှိ လွိုင်လင်လေးမြို့ မှာ ဒီကနေ့ (ဖေဖော်ဝါရီလ ၉ ရက်) မွန်းလွဲ ၁နာရီအချိန် လက်နက်ကြီးကျရောက်ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး ဘယ်ဘက်လက်သန်းပြတ်ထွက် ဒဏ်ရာ နဲ့ ကလေးငယ်တစ်ဦး ညာဘက်နားရွက်နားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ လက်ရှိကတော့ ဒီအတိုင်း တိုက်ပွဲတော့ မဖြစ်ဘူးပေါ့။ ကျနော်တို့ သိရသလောက်ကတော့ သူတို့ပစ်တဲ့အချိန်မှာတော့ ပထမ တစ်လုံးကတော့ ရွာတော်တော်ဝေးဝေးမှာကျတာပေါ့။ ဒုတိယတစ်လုံးကျတဲ့အချိန်မှာ နီးတယ်ဆိုပြီးတော့ သူတို့က သူ့အမေနဲ့ ကျန်တဲ့မိသားစုဝင်တွေက ဗုံးခိုကျင်းထဲ ဝင်တဲ့အချိန်မှာ ကလေးက ကျင်းထဲရောက်ပြီးတော့မှ လန့်ပြီး အိမ်ပေါ်ပြန်တက်ပြေးတဲ့အချိန်မှာ နောက်တစ်လုံးကျတဲ့အချိန်နဲ့ ကွတ်တိတိုးပြီးတော့ သူတို့ကို နောက်ကနေစင်သွားတာပေါ့။ ရမ်းသမ်းထုလာတာပေါ့။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အနီးအနားမှာ လက်နက်ကြီးကျသံတွေကြောင့် အိမ်ထဲပြေးပုန်းဖို့လုပ်နေတုန်း နေအိမ်ခြံဝန်းထဲ လက်နက်ကြီးတစ်လုံးကျပြီး ထိခိုက်ဒဏ်ရာရသွားတာလို့ သူက ပြောပါတယ်။ လွိုင်လင်လေးမြို့ထဲ လက်နက်ကြီး လေးလုံးကျရောက်ပြီး တစ်လုံးမှာ လူအနီးကျရောက်ခဲ့တာကြောင့် ထိခိုက်မှုရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – ရွှေလွိုင်ကော် ပရဟိတအသင်း

လက်နက်ကြီးစ ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၉နှစ်အရွယ် မဘီဗျားနာနဲ့ အသက် ၁၃ နှစ်အရွယ် မောင်လမင်းမောင်မောင် တို့ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ လက်ရှိမှာ လွိုင်ကော်ဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး အသက်အန္တာရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း လွိုင်လင်လေးမြို့ အနီးမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် သိရှိရတဲ့ အချက်အလက်အရ ဇန်နဝါရီလ တစ်လအတွင်း လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ – ရွှေလွိုင်ကော် ပရဟိတအသင်း
spot_img
spot_img

Recent posts