spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွှတ်တော်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာထိခိုက်စေတဲ့ အရေးအသား ရေးသားသူကို ၆၆ ဃ ဖြင့် အမှုဖွင့်

Author

Date

Category


စိုးထိုက်အောင်

ဖေ့စ်ဘွတ်လူမှုကွက်ယက် စာမျက်နှာ မှာ ကယားပြည်နယ်လွှတ်တော်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ စာအရေးအသား ရေးသားသူ ကို ကယားပြည်နယ်လွှတ်တော်ကနေ စက်တင်ဘာ ၇ ရက်နေ့ လွိုင်ကော်မြို့မ ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခဲ့ပါတယ်။

အခုက လွှတ်တော်ရဲ့ပုံကြီးနဲ့လွှတ်တော်ကို ကလိမ်ကကျစ်လွှတ်တော်ဆိုလားမသိဘူး သူရေးထည့်ထားတယ်။ အဲ့တာပုံစံကြီးနဲ့တင်ပြီးတော့လုပ်တဲ့ခါကျတော့ ပုဂ္ဂိုလ်ရေးမဟုတ်တော့ဘူး လွှတ်တော်အသင်းအဖွဲ့စည်းကို စော်ကားတာလေး။ အဲဒါဘယ်လိုမှရှောင်လို့မရတော့ဘူး။ လို့ကယားပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်က ပြောပါတယ်။

ဓာတ်ပုံ – ကယားပြည်နယ် လွှတ်တော်

Wai Phyo Kozaw(ဝေဖြိုး ကိုဇော်) ဆိုတဲ့ နာမည်နဲ့ သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ လွှတ်တော် အဆောက်အဦးပုံနဲ့တကွ ကလိမ်ကကျစ်ကျသော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ဖွဲ့စည်းထားတဲ့လွှတ်တော် ဆိုတဲ့ စာသားအပြင် လွှတ်တော်အဆောက်အအုံပုံအား မဖွယ်မရာပုံနဲ့ တွဲပြီးပိုစ့်တင်ထားတာ၊ လွှတ်တော်ဥက္ကဌပုံနဲ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်နေမှု ပုံတွေကို သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီလိုရေးသားဖော်ပြမှုဟာ ဒီမိုကရေစီနည်းလမ်းသဘောသဘာဝအရ ပြည်နယ်လွှတ်တော်ကို ဝေဖန်အကြံပြုတာမျိုးမဟုတ်ဘဲ လွှတ်တာ်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာ ကို ထိခိုက်စေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ ပုံစံဖြစ်တဲ့အတွက် တည်ဆဲဥပဒေအရ အမှုဖွင့်ထားတာလို့ စက်တင်ဘာလ ၈ ရက်နေ့ ကယားပြညနယ်လွှတ်တော်ရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တရားစွဲထားတယ်ဆိုရင် အဲ့မှာလည်းဖွင့်ပြီးပြီဆိုရင် ဆက်လုပ်ရမှာပေါ့။ လို့ ကယားပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတင်မြင့်က ပြောပါတယ်။

ယနေ့စက်တင်ဘာလ ၈ရက်နေ့မှာ Wai Phyo Oo Kozaw ဖေ့စ်ဘွတ် အကောင့် စာမျက်နှာပေါ်က တင်ထားတဲ့ ပိုစ့်တွေကို ပြန်ဖျက်လိုက်တာ တွေ့ရပါတယ်။

spot_img
spot_img

Recent posts