spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝါရီကောခူကျေးရွာမှာ စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေ ညတွင်းချင်းထွက်ပြေးနေရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမယ်ဆိုတဲ့ သတင်းကြောင့် လွိုင်ကော်မြို့ နယ် က ဝါရီကောခူကျေးရွာ နဲ့ ပီကင်းကောခူကျေးရွာ ဒေသခံတွေဟာ ညတွင်းချင်းမှာ ကျေးရွာထဲကနေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ ဘားမှမဖြစ်ဘူးဆိုပြီးတော့မှ ပြည်သူတွေက ဒီအတိုင်း ပဲ နေ့လည်အချိန်ထိ အေးအေးဆေးဆေးနေကြတယ်။ နောက်ပြီး ညအချိန်ကျတော့ စစ်ကောင်စီဖက်က စစ်ကြောင်းထိုးလာဖို့ရှိတယ်ဆိုပြီးတော့မှ အခုချိန်မှာ အကုန်လုံးထွက်ပြေးနေကြတယ်။ ဒီဝါရီကောခူရယ် ပီကင်းကောခူရယ် နှစ်ရွာပေါင်းပြီးတော့ အခုထွက်ပြေးလာကြတယ်။ ထော်လာဂျီတွေနဲ့ တန်းစီနေတာပဲ။ ကားတွေ ဆိုင်ကယ်တွေ အကုန်လုံးသွားနေကြတော့ ကျနော်တို့ အမြင်နဲ့ကတော့ စိတ်တော့မကောင်းဘူးပေါ့။ “ လို့ ဒေသခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ည ၇ နာရီအချိန်မှာ ပြောပြလာပါတယ်။

လက်ရှိမှာတော့ ဒေသခံ ၂ထောင်နီးပါး ညတွင်းချင်း တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၄ရက်) ည အချိန်မှာဆိုရင် လွိုင်ကော်မြို့နယ် ကုန်းသာ နဲ့ ဝါရီကောခူ ကျေးရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း ဝါရီကောခူ ကျေးရွာ နေအိမ် ၂၀ လုံးလောက် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဓာတ်ပုံ – CJ
spot_img
spot_img

Recent posts