spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝါးပင်တွေရှားပါးလာတာကြောင့် စစ်ရှောင်တွေရဲ့ ဝါးတဲအိမ်တွေကို အသစ်ပြန်လည်ပြုပြင်ဖို့ ခက်ခဲနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်နေအိမ်တွေ ဝါးပိုးထိုးပြီး အသစ်ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး တစ်ဖက်မှာလည်း ပြန်လည်ပြုပြင်ဖို့ အခက်အခဲ များစွာရှိတယ်လို့ ပြန်လည်ပြုပြင်လိုတဲ့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ ယခင်က သစ်ဝါးတွေကို နီးနီးနားနားမှာတင် ခုတ်ယူနိုင်ပေမဲ့ စစ်ရှောင်ဦးရေ တဖြည်းဖြည်းများလာတာကြောင့် နေအိမ်ဆောက်လုပ်နိုင်ဖို့ သစ်ဝါးတွေဟာလည်း ရှားပါးလာတယ်လို့ ဆိုပါတယ်။

“အရင်တုန်းကခုတ်တာက နည်းနည်းပိုနီးသေးတယ်။ ဝါးတွေပေါသေးတယ်။ အဲ့နောက်ပိုင်းက လူတွေပိုတိုးလာတော့ လုခုတ်ကြတဲ့ သဘောမျိုးဖြစ်သွားတယ်။ တဖြည်းဖြည်းနဲ့ ရှေ့ကိုပိုတိုးတိုးပြီးတော့ ပိုဝေးသွားတယ်။ ကွာခြားမှုကအဲ့တာဘဲ အနီးဆိုတာ မရှိတော့ဘူးလေး။ တခါတလေကျတော့လည်း ရုန်းရတယ်။ ရုန်းရတယ်ဆိုတာက ရွေးပြီးခုတ်ရတယ်ပေါ့။ လူတိုင်းက လှမှ ကြိုက်တယ်ကော ပြီးတော့ ဝေးလည်းဝေးတယ် ခရီးလည်း ပင်ပန်းတယ်။ တောင်တက် တောင်ဆင်းတွေ တောင်စောင်း‌တွေ မြေပြန့်ဆိုတာမရှိဘူး ခပ်ရှားရှားပေါ့။”လို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ အသက် ၃၃နှစ် အရွယ် ဦးရှိရှိုက ပြောပါတယ်။

လက်ရှိမှာတော့ နေအိမ်ပြုပြင်မွမ်းမံဖို့အတွက် အသွားအပြန် ၂ နာရီခရီးရှိတဲ့ နေရာကို သစ်၊ ဝါးတွေ သွားရောက်ခုတ်နေရတယ်လို့ ဦးရှိရှိုက ဆိုပါတယ်။

နေအိမ်ကို အသစ်ပြုပြင် မွမ်းမံမှုတွေမလုပ်နိုင်သေးတဲ့ စစ်ရှောင်တစ်ချို့ကတော့ ပျက်စီးပြီး၊ ဝါးပိုး ထိုးနေတဲ့ နေရာတွေကို မိုးကာတွေ နဲ့ ကာပြီး ဆက်လက်နေထိုင်နေကြပါတယ်။

“ထပ်ပြင်မှာလည်း မလုပ်ဆောင်နိုင်တော့ဘူးလေး မောသွားပြီလေ။ တစ်ခါမဟုတ်တော့ဘူး။ သုံးလေးခါတောင်မှ ဆိုတော့ မလုပ်ဆောင်နိုင်တော့ဘူးလေးနော ဒီအတိုင်းဘဲနေလိုက်တယ်။ အထဲမှာက မိုးကာနဲ့ဘဲ နည်းနည်းကာလိုက်တယ်ပေါ့။ ဒါတောင်မှ လုံလုံလောက်လောက် မလုံခြုံသေးဘူးပေါ့နော။”လို့ အသက် ၂၉နှစ်အရွယ် ဦးဟင်နရီက ပြောပါတယ်။

စစ်ဘေးရှောင်အများစုဟာ ဝါးတဲ အိမ်တွေနဲ့ သာနေထိုင်ကြရတာဖြစ်ပြီး ဝါးပိုးထိုးတာကြောင့် ကျလာတဲ့ အမှုန်တွေကို ရှုရှိုက်မိရာကနေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်မှာ ကို လည်း စိုးရိမ်နေကြပါတယ်။

“ဒါကတော့ သက်ကြီးရွယ်အိုတွေအတွက်ဘဲ ကိုယ်က စိုးရိမ်ပေးရတယ်။ အထူးသဖြင့် အမေပေါ့။ သူက သွေးတိုးလည်းရှိတယ်လို့ ပြောလို့ရတယ်။ ပိုးမှုန့်တွေ တခါတလေ သူရှူရပြီဆိုလို့ရှိရင် တံမြက်စည်းလည်း အိမ်ထဲသန့်ရှင်းရေးလုပ်ရပြီဆိုလို့ရှိရင် ပိုးမှုန့်တွေ ရှုရရင် သူက အင်မတန် ချောင်းဆိုတယ် မနားတမ်းပေါ့။” လို့ ဦးရှိရှိုက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ လူဦးရေ သုံးထောင်နီပါး ရှိနေပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ လူဦးရေ ၃၀၀ ဝန်းကျင် ထပ်တိုးလာပါတယ်။ လက်ရှိမှာ ကရင်နီပြည်တွင်းမှာတိုက်ပွဲ ပြင်းထန်နေပြီး စစ်ရှောင်တိုးလာနေသလို အများအားဖြင့် တောတောင်တွေထဲ စစ်ရှောင်တဲ့အတွက် နေအိမ်ဆောက်လုပ်ဖို့ သစ်၊ ဝါးများအသုံးပြုတာတွေ ပိုပြီးတော့ များပြားလာပါတယ်။

spot_img
spot_img

Recent posts